ထိုင်းမြန်မာကြား ဗီဇာ မလိုဘဲ ၁၄ရက် ခွင့်ပြု

  • 22 အောက်တိုဘာ 2013
Image caption နယ်စပ်တွေကနေ ဖြတ်သန်း သွားလာခွင့်ကတော့ ဗီဇာ ယူဖို့ လိုအပ်ဦးမှာ ဖြစ်

ထိုင်းနဲ့ မြန်မာ နိုင်ငံသားတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ ၁၄ ရက် သွားလာ လည်ပတ်ခွင့် ပြုဖို့ အင်္ဂါနေ့မှာ ပြုလုပ်တဲ့ ထိုင်းအစိုးရ ဝန်ကြီးများ အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။

ဒီလို ၁၄ ရက် ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ သွားလာခွင့်ဟာ လေယာဉ်နဲ့ သွားလာသူတွေကိုပဲ ခွင့်ပြုတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ အားကစားပွဲကို ထိုင်းနိုင်ငံသားတွေ အလွယ်တကူ သွားနိုင်ဖို့နဲ့ ခရီးသွား လုပ်ငန်းမှာ ပိုအဆင်ပြေ လွယ်ကူလာအောင် ရည်ရွယ်တာ ဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

ဒီလို ၁၄ ရက် ဗီဇာ မလိုဘဲ သွားလာနိုင်ရေး အတွက် လာမယ့် လကုန်ပိုင်းမှာ ထိုင်းနဲ့ မြန်မာ စာချုပ် လက်မှတ် ရေးထိုးရဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် နယ်စပ်ကနေ ဖြတ်သန်းသွားလာခွင့်ကတော့ ဗီဇာ ယူရဦးမယ်လို့ ထိုင်း အစိုးရ ပြောခွင့်ရ သူက ပြောပါတယ်။