မန်စီနားမှာ ကေအိုင်အေ နဲ့အစိုးရ တိုက်ပွဲ ပြင်းထန်

  • 23 အောက်တိုဘာ 2013
ကေအိုင်အေ
Image caption ကေအိုင်အေ နဲ့ အစိုးရ တိုက်ပွဲတွေ ထပ်ဖြစ်နေ

ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်ပါလင် ရွာရဲ့ တောင်ဖက် ၇ မိုင်လောက် အကွာမှာ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၂) နဲ့ အစိုးရ တပ်တွေကြား တိုက်ပွဲ ဖြစ်ပွား နေပါတယ်။

အစိုးရ ဖက်က လက်နက်ကြီးတွေ ကိုပါ အသုံးပြု တိုက်ခိုက် နေပြီး မနက် ၁၀ နာရီ လောက်ကနေ ညနေ ပိုင်း အချိန်အထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွား နေဆဲဘဲ လို့ ကေအိုင်အေ ဖက်က ပြောပါတယ်။

ကေအိုင်အေ ထိန်းချုပ်တဲ့ နယ်မြေထဲကို အစိုးရ တပ်ဖွဲ့တွေ ရောက်လာတဲ့ အတွက် တိုက်ပွဲ စဖြစ်တာလို့ ကေအိုင်အေ တပ်ရင်း (၁၂) ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်အောင်က ပြောပါတယ်။

ကေအိုင်အေ ဖက်က နှစ်ယောက် ဒဏ်ရာရပြီး အစိုးရတပ် ဖက်က အလောင်းတချို့ ကိုတွေ့ရတယ်လို့ သူက ပြောပေမယ့် ဒါကို သီးခြား အတည်ပြုလို့ မရပါဘူး။

အစိုးရ စစ်တပ်ဖက်ကို ဘီဘီစီက မေးမြန်းခဲ့ ပေမယ့် တာ၀န်ခံ ဖြေကြားမယ့်သူ မရှိပါဘူး။

ဒီတိုက်ပွဲ တွေဟာ နားလည်မှုလွဲမှား တာကြောင့် ဖြစ်ရတာသာ ဖြစ်ပြီး လက်ရှိအစိုးရနဲ့ ဆွေးနွေး ဆောင်ရွက် နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ထိခိုက်မှာ မဟုတ်ဘူး လို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ အကြီးတန်း အကြံပေး အရာရှိ ဦးလှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။

"ခဏအတွင်းမှာဘဲ ဒီဟာတွေ ရပ်သွားပြီးတော့ ရှေ့ကို လည်းငြိမ်းချမ်းရေး ကိစ္စတွေ ဆက်လုပ် နိုင်မယ်လို့ မျှော်လင့် ပါတယ်" လို့သူက ပြောခဲ့ပါတယ်။

အခုလကုန် ပိုင်းကျရင် ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမှာ တိုင်းရင်းသား တွေစုပေါင်းတွေ့ဆုံမယ့်ညီလာခံ တရပ်ကျင်းပဖို့ရှိနေ စဉ်မှာဘဲ ခုရက်ပိုင်းအတွင်း အစိုးရနဲ့ ကေအိုင်အေ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ