တပြည်လုံးအပစ်အခတ်ရပ်ရေး လက်မှတ်ထိုးကြဖို့ မဖြစ်နိုင်သေး

  • 23 အောက်တိုဘာ 2013
mpc
Image caption အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ တခု

မြန်မာအစိုးရ က အောက်တိုဘာလအတွင်း တနိုင်ငံလုံးအတိုင်းအတာ အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးနိုင်ဖို့ ရည်ရွယ်ထားပေမယ့် ဖြစ်နိုင်ဖို့ မလွယ်ကူ ပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး အစိုးရ နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) နဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ တို့ ပြည်ထောင်စုအဆင့် တတိယအကြိမ် ဆွေးနွေးပွဲ ပြီးဆုံးသွားပြီး တပြည်လုံးအတိုင်းအတာ အနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပစ်အခတ်ရပ်စဲပြီးသား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တဖွဲ့ချင်း လက်မှတ်ထိုးကြဖို့ ကိစ္စ မအောင်မြင်ခဲ့ပါ။

KNPP ဒုဥက္ကဌ ခူးဦးရယ် က သူတို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ်နိုင်ပြီးမှသာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကိုလက်မှတ်ထိုးနိုင်မယ် လို့ဆိုပါတယ်။

အခုအချိန်မှာ ပလောင်လွတ်မြောက်ရေး အဖွဲ့၊ ကချင်လွတ်လပ်ရေးအဖွဲ့ စတဲ့ အဖွဲ့တွေ နဲ့အစိုးရကြား အပစ်အခတ်ရပ်ဖို့ မလုပ်နိုင်ကြသေးဘူးလို့လည်း သူက ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာအစိုးရ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အတော်များများ နဲ့ အပစ်အခတ်ရပ်ထားနိုင်ပေမယ့် တချို့နေရာတွေ မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ