ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဗြိတိန် ထောက်ခံ

  • 23 အောက်တိုဘာ 2013
suu
Image caption ဒီမိုကရေစီ ခေါင်းဆောင် သမ္မတ အရွေးခံလို့မရ ဖြစ်နေ

မြန်မာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး ဗြိတိန်က ထောက်ခံသွားမှာ ဖြစ်ကြောင်း ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက လန်ဒန်ရောက် ဒေါ်အောင်ဆန်း စုကြည် ကို ပြောကြား ခဲ့ပါတယ်။

မြန်မာပြည် ဖြစ်ပေါ် ပြောင်းလဲမှုတွေ ရေရှည် တည်တံ့ရေးမှာ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လိုပါတယ်။ ဒီဖွဲ့စည်းပုံနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ တွေမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်ကို သမ္မတ အရွေးမခံ နိုင်အောင် ချန်လှပ် ထားတာဟာ လုံးဝ မှားယွင်း နေပါတယ်။ ဒီလို ရွေးကောက်ပွဲ တွေဟာ ဒီမိုကရေစီ နည်းကျမှာ မဟုတ်တဲ့ အတွက် ဖွဲ့စည်းပုံ ပြင်ရေး နိုင်ငံတကာနဲ့ ပူးပေါင်းပြီး မြန်မာ အစိုးရကို အရှင်းဆုံး ဖိအားပေး သွားမှာ ဖြစ်ကြောင်း ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် စံအိမ်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ရာမှာ မစ္စတာ ကင်မရွန်းက ပြောကြားခဲ့ပါတယ်။

ရန်ကုန် ဆေးရုံကြီး ပြုပြင်ရေး အတွက် ဗြိတိန် အစိုးရက ထောက်ခံကြောင်း၊ ပြုပြင်မှု သုံးသပ်တဲ့ အဖွဲ့ တဖွဲ့ စေလွှတ်ပေးမယ် လို့လည်း ဗြိတိသျှ ဝန်ကြီးချုပ်က ပြောကြား ခဲ့ပါတယ်။

မြန်မာပြည် ပြုပြင် ပြောင်းလဲရေးမှာ အခြေခံ ဥပဒေ ကိစ္စသာမက လူငယ်တွေ အလုပ်အကိုင် ရရှိရေးလို အရေးကြီးတဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေ ရှိဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ထောက်ပြ သွားပါတယ်။

မြန်မာ နိုင်ငံသား ဥပဒေနဲ့ ဘာသာရေး လွတ်လပ်ခွင့် ကိစ္စတွေ အတွက် မြန်မာ အစိုးရက အချိန်ဇယားဆွဲပြီး ဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ