လူမျိုးရေး သုတ်သင်မှု ဒေါ်စု ငြင်းဆို

  • 24 အောက်တိုဘာ 2013
Image caption ဗုဒ္ဓဘာသာဝင်တွေလည်း နိုင်ငံကနေ ထွက်ပြေးခဲ့ရတယ်လို့ ဒေါ်စု ပြော

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး အကြမ်း ဖက်မှု တွေဟာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်တဲ့ အခြေအနေမျိုးထိ ရောက်လာနေတယ် ဆိုတဲ့ စွပ်စွဲချက်ကို မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ငြင်းဆို လိုက်ပါတယ်။

ဘီဘီစီကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာမှာ ဗုဒ္ဓဘာသာဝင်တွေလည်း အကြမ်းဖက် တိုက်ခိုက်ခံရ တာပဲ၊ နှစ်ဖက်စလုံးမှာ ကြောက်ရွံ ထိတ်လန့်မှုတွေ ရှိနေပါတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ တစ်သိန်းလေးသောင်းလောက် အိုးအိမ်မဲ့ ဖြစ်နေတယ်လို့ ဒုက္ခသည် စောင့်ရှောက်ရေး အဖွဲ့တွေက ခန့်မှန်း ပြောဆိုကြပါတယ်။

အကြမ်းဖက် တိုက်ခိုက်ခံရတာ မွတ်ဆလင်တွေက အများစု ဆိုတာကို အသိအမှတ်ပြုလား ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန် ဖြေကြားရာမှာတော့ ဗုဒ္ဓဘာသာဝင် အများအပြားလည်း နိုင်ငံကနေ ထွက်ခွာ ပြေးခဲ့ရတာပါပဲလို့ ဆိုပါတယ်။

နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ ထုတ်ဖော် ပြောကြားဖို့ ပျက်ကွက်ခဲ့တယ် ဆိုပြီး အရင်တုန်းက အကဲခတ်တွေက စွပ်စွဲ ပြောတာတွေ ရှိခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ