ရွေးကောက်ပွဲ မျှတဖို့ သမ္မတ အရည်အချင်း ဥပဒေ ပြင်ဖို့လို

  • 24 အောက်တိုဘာ 2013
Thura U Shwe Mann
Image caption ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ခွင့်ကို တားဆီး ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်သင့် တယ် လို့ ပြောပါတယ်။

အောက်တိုဘာလ ၂၄ ရက် ကြာသပတေး နေ့က လွှတ်တော် အဆောက် အဦး မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တွေရဲ့ မေးခွန်းတွေကို ဖြေဆိုရင်း အခုလို ပြောခဲ့တာပါ။

သတင်းစာ ရှင်းလင်းပွဲမှာ သူရ ဦးရွှေမန်းက လက်ရှိ နိုင်ငံရေး အခြေ အနေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး တို့နဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။

မြန်မာ နိုင်ငံရေး ကမောက် ကမတွေ ဖြစ်မှာ ဦးသန်းရွှေက စိုးရိမ်တယ် လို့လည်း သူရ ဦးရွှေမန်းက ပြောပါတယ်။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဦးရွှေမန်းကို ပြောကြောင်းလည်း သူက ရှင်းလင်းပွဲမှာ ပြောခဲ့တယ်လို့ အဲဒီ သတင်းထောက်က ပြောပါတယ်။ သူရ ဦးရွှေ မန်းဟာ သူ ပြောချင်ရာ ရှိရင် လွှတ်တော် မှာ သတင်းထောက် တွေကို ခေါ်ပြီး အခုလို ပြောလေ့ရှိပါတယ်။ အခု နောက်ပိုင်း မီဒီယာ တွေက မေးတာကို ပိုပြီး ပွင့်ပွင့်လင်းလင်း ဖြေလာတာလည်း ရှိတယ်လို့ သတင်းထောက် တွေက ပြောနေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ