မြန်မာ့သစ်နဲ့ လုပ်တဲ့ ပရိဘောဂတွေ ဥရောပကို တင်ပို့ခွင့်ရ

  • 26 အောက်တိုဘာ 2013
Image caption သစ်လုံးအလိုက်ထုတ်မယ့် အစား ပရိဘောဂ ပို့ခွင့်ရ

မြန်မာနိုင်ငံ သစ်နဲ့ပြုလုပ်တဲ့ ပရိဘောဂတွေ ဥရောပကို တင်ပို့ခွင့်ရနေပြီ ဖြစ်ပေမယ့် ပြည်တွင်း လုပ်ငန်းရှင်တွေက စျေးကွက်ကို မတိုးနိုင်သလို လုပ်ငန်းစတင် နိုင်ဖို့က အခက်အခဲတွေ ရှိနေတုန်းပဲလို့ ပြောပါတယ်။

ရန်ကုန်မြို့ အတိုင်းအတာနဲ့ သစ်စက်နဲ့ ပရိဘောဂ ထုတ်လုပ်တဲ့ စက်ရုံ ၂ဝဝ ကျော်ထဲမှာ လည်ပတ်နိုင်တဲ့ စက်ရုံက ဆယ်ဂဏန်း လောက်ပဲရှိသေးတယ် ၊ ဥရောပနဲ့ အမေရိကန်ကို မြန်မာပရိဘောဂ တင်ပို့ခွင့်ရပေမယ့် စျေးကွက်ရဖို့ရော နည်းပညာ အခက်အခဲဖြစ်နေပြီ လို့ ပရိဘောဂ လုပ်ငန်းရှင်များ အသင်း ဥက္ကဌဟောင်း ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

ပရိဘောဂလုပ်ငန်းက ၂ဝဝ၈ ခုနှစ် မတိုင်ခင်က နိုင်ငံခြားကို အစပျိုး တင်ပို့နေတာ တစ်လကို အမေရိကန်ဒေါ်လာ ၃ သန်းဖိုးလောက် တင်ပို့နိုင်ခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်းမှာ မြန်မာပရိဘောဂ လုပ်ငန်းက ရပ်ဆိုင်းသွားသလောက်ဖြစ်သွားပါတယ်။

အခုအခါ ဥရောပကို ပရိဘောဂ စတင် ပို့နိုင်ပြီလို့ အရင်ထက်တော့ နည်းနည်းကောင်းလာတယ်လို့ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းဝင် ဦးမင်းသိန်း ကပြောပါတယ်။

မြန်မာနိုင်ငံက ပရိဘောဂ လုပ်ငန်း ဦးမော့လာဖို့က အချိန်ယူ ကြိုးစားရဦးမယ်လို့ သစ်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။