ရန်ကုန်တက္ကသိုလ် မွမ်းမံရေး ဒေါ်စုဆွေးနွေး

  • 26 အောက်တိုဘာ 2013
Image caption ဗြိတိန် ခရီးစဉ် ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဟာ အီတလီကို ခရီးဆက် မယ်

ဥရောပ ၅ နိုင်ငံ ခရီးစဉ် အဖြစ် ဗြိတိန်ကို ရောက်ရှိ နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန် တက္ကသိုလ် မွမ်းမံ အသက်သွင်းရေး ဆိုင်ရာ ကိစ္စရပ်တွေကို အောက်စဖို့ဒ် တက္ကသိုလ်က ပညာရေး အာဏာပိုင် တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

လန်ဒန်မြို့ ဗြိတိသျှ ကောင်စီ ရုံးမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပြီး၊ မြန်မာ နိုင်ငံမှာ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်နေတာကို အမြန် ဖြေရှင်းဖို့ လိုကြောင်း ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွား ပါတယ်။

မြန်မာ နိုင်ငံတွင်း ဖြစ်ပွား ခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေ အတွင်း စိတ်ပျက် ဒေါသ ထွက်နေကြတဲ့ လူငယ်တွေ ပါဝင် တာတွေ ရှိနေ ကြောင်း၊ သူတို့ အတွက် အမြန်ဆုံး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ထုတ် ပေးဖို့ သက်မွေး ဝမ်းကျောင်း ပညာသင်တန်းတွေ ဖွင့်ပေးဖို့ လိုတယ်လို့ ဆွေးနွေးပွဲမှာ သူက ထည့်သွင်း ပြောကြားသွား ပါတယ်။

သားရိုင်း တိရိစ္ဆာန် စောင့်ရှောက်ရေး၊ အပူပိုင်း ဒေသ ဆေးပညာနဲ့ ဥပဒေ စတဲ့ ပညာရပ် မြှင့်တင် ရေးတွေမှာ ရန်ကုန်နဲ့ အောက်စဖို့ဒ် တက္ကသိုလ် တို့ ပူးတွဲ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

ဗြိတိန် ခရီးစဉ် ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီ နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ