ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘီဘီစီ မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်း

  • 26 အောက်တိုဘာ 2013
Image caption ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီ မြန်မာပိုင်းဌာနမှုး ဓေါ်တင်ထားဆွေ တွေ့ဆုံ မေးမြန်းစဉ်

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရ အောင် ဘယ်သူနဲ့မဆို ယှဉ်ပြိုင်သွားမှာ ဖြစ်တယ် ဆိုတာကိုတော့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား သွားခဲ့ ပါတယ်။ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အဖြစ် ဗြိတိန်ကို ရောက်ရှိခိုက် Sandhurst တော်ဝင် စစ်တက္ကသိုလ်မှာ မိန့်ခွန်းမပြောခင် ဘီဘီစီ မြန်မာပိုင်းနဲ့ မနေ့က သီးသန့် တွေ့ဆုံ မေးမြန်း ခန်းမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Sandhurst တော်ဝင် စစ်တက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ အဆင့်မြင့်ဆုံး တပ်မတော်တခုရဲ့ ခေါင်းဆောင်တွေကို မွေးထုတ်ပေးတဲ့ တက္ကသိုလ်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံက တပ်မတော်ကိုလည်း ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံးတပ်မတော် ဖြစ်စေချင်တဲ့အတွက် အခုလို လာလေ့လာတာလို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးလည်း၊ လွှတ်တော် ထဲက စစ်တပ် ကိုယ်စားလှယ်တွေ ထဲမှာ ဖွဲ့စည်းပုံ ပြင်ဖို့လိုတယ်ဆိုတာ သဘောပေါက်သူတွေ ရှိနိုင်ပြီး အခြေခံဥပဒေကို ပြင်ဆင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မေးမြန်းခန်း အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ