လူမျိုးစု ကိုယ်စားလှယ်တွေ တရုတ်ပြည်သွား

  • 27 အောက်တိုဘာ 2013
gas pipe
Image caption အငြင်းပွားစရာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း

တရုတ် နိုင်ငံခြားရေး ဌာန ဖိတ်ကြားချက် အရ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် အများစု ပါဝင်တဲ့ အဖွဲ့ တနင်္ဂနွေ နေ့က တရုတ်နိုင်ငံ ဘေဂျင်းကို ထွက်ခွာ သွားပါတယ်။

ဒီခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ရင်းနှီး မြုပ်နှံနေတဲ့ တရုတ် စီမံကိန်းတွေကြောင့် ဒေသ အတွင်း ထိခိုက် နစ်နာတဲ့ အခြေအနေ တွေကို တိုင်းရင်းသား ကိုယ်စားလှယ် တွေ တင်ပြ ဆွေးနွေး သွားမယ်လို့ သိရပါတယ်။

တရုတ် ပြည်သွား ကိုယ်စားလှယ် တွေထဲမှာ ရှမ်း၊ကချင်၊ မွန်၊ ရခိုင်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် တဦးလည်း ပါဝင် ပါတယ်။

ခရီးစဉ် အတွင်း တရုတ်နဲ့ မြန်မာ နိုင်ငံ တိုင်းရင်းသား ဒေသ တွေကြား အပြန်အလှန် အကျိုးပြု နိုင်မယ့် ကိစ္စတွေကို ဆွေးနွေး သွားမယ်လို့ လိုက်ပါ သွားတဲ့ မြေပုံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။ အရင်ကလည်း တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တွေ တရုတ်နိုင်ငံ ဖိတ်ကြားချက် အရ သွားရောက် လည်ပတ် ခဲ့ပါတယ်။

ဒါပေမဲ့လည်း တရုတ် စီးပွားရေး စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဒေသတွင်းက ပြည်သူ တွေရဲ့ လိုလားမှု တွေကို ထိထိရောက်ရောက် မတင်ပြနိုင် ခဲ့ဘူးလို့ သိရပါတယ်။

ဦးဖေသန်း ကတော့ ရခိုင်မှာ လုပ်နေတဲ့ တရုတ် စီမံကိန်းနဲ့ ပတ်သက်ပြီး နစ်နာတာ တွေကို တင်ပြ မယ်လို့ ဆိုပါတယ်။ အ ခုလွှတ်တော် ကိုယ်စားလှယ် ခရီးစဉ်ဟာ ၇ ရက်ကြာမြင့်မှာ ဖြစ်ပြီး ဘေဂျင်းနဲ့ ခွေ့မင်မြို့တွေကို အဓိက သွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ