KNU ကိုယ်စားလှယ် အဖွဲ့ UK ရောက်

  • 28 အောက်တိုဘာ 2013
knu
Image caption မြန်မာ သမ္မတနဲ့ ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ထိ ရှိလာ

KNU ကရင်အမျိုးသား အစည်းအရုံး က ကိုယ်စားလှယ် ၇ ဦးပါ အဖွဲ့ မြောက်ပိုင်း အိုင်ယာလန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို လေ့လာဖို့ UK နိုင်ငံမှာ ရောက်ရှိနေပါတယ်။

KNU တွဲဘက် အတွင်းရေးမှူး၂ ပဒို မန်းမန်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လန်ဒန်မြို့ကို ရောက်လာခဲ့တာပါ။

မြောက်ပိုင်း အိုင်ယာလန်မှာ ရှိတဲ့ Inter Mediate အဖွဲ့ရဲ့ ဖိတ်ကြားချက် အရ လာခဲ့တာ လို့ အဲဒီ ကိုယ်စားလှယ် အဖွဲ့မှာ ပါတဲ့ ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ ညွန်ကြားရေးမှူး နော်စူစဲန်နာ လှလှစိုးက ဘီဘီစီကို ပြောပါတယ်။

အင်္ဂါနေ့မှာ KNU ကိုယ်စားလှယ် အဖွဲ့ဟာ မြောက်ပိုင်း အိုင်ယာလန် Belfast မြို့ကို သွားရောက်မှာ ဖြစ်ပြီး မြောက်ပိုင်း အိုင်ယာလန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူတွေ ၊ ပါတီ အဖွဲ့အစည်း၊ နိုင်ငံရေး အဖွဲ့အစည်း တွေက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ ရှိပြီး တချိန်က ဗြိတိသျှ လူမျိုး တွေနဲ့ အိုင်းရစ်ရှ်လူမျိုးတွေ အကြား အမျိုးသားရေး ရင်ကြားစေ့ နိုင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်ချက် တွေကို လေ့လာကြမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ဟာလည်း Belfast မြို့ကို သွားရောက်ခဲ့ပြီး မြောက်ပိုင်း အိုင်ယာလန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို လေ့လာခဲ့ပါတယ်။

မြောက်ပိုင်း အိုင်ယာလန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေဟာ မြန်မာနိုင်ငံ အတွက် သိပ်ကို အသုံးဝင်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ