တိုင်းရင်းသားလက်နက်ကိုင် ညီလာခံ လိုင်ဇာမှာ ဒီနေ့စ

  • 30 အောက်တိုဘာ 2013
Image caption ညီလာခံ လာတက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ

ပြည်တွင်းပြည်ပ အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ ရဲ့ ၃ ရက်ကြာ ထိပ်သီးညီလာခံကို တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်က ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ဒီကနေ့ စတင်တော့မှာ ဖြစ်ပါတယ်။

ဒီလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ညီလာခံကို ကျင်းပဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က အစိုးရနဲ့ မြစ်ကြီးနားမှာ နောက်ဆုံးတွေ့တုန်းက တောင်းဆိုခဲ့တာ ဖြစ်ပြီး အစိုးရဘက်ကလည်း သဘောတူခဲ့ပါတယ်။

ဒီညီလာခံမှာ အစိုးရက လုပ်ဖို့ ပြင်ဆင်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအပေါ်မှာ တိုင်းရင်းသားတွေဘက်က ဘယ်လို ဘုံသဘော တူညီချက်မျိုးနဲ့ ချဉ်းကပ်မလဲ ဆိုတာ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီညီလာခံဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါပြီး ရှေ့ဆက်ရမယ့် ခရီးဖြောင့်ဖြူးမလား၊ ကြမ်းတမ်းမလားဆိုတာ ဒီညီလာခံက ထွက်လာမယ့် အဆုံးအဖြတ်ပေါ်မူတည် တယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အတွင်းရေးမှူး ၂ ဗိုလ်မှုးကြီး ခွန်ဥက္ကာကလည်း ပြောခဲ့ပါတယ်။

မနေ့ညကတော့ ဒီညီလာခံကို တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ကေအိုင်အိုက ကြိုဆိုညစာစားပွဲလုပ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ