အမေရိကန်ရဲ့ ထောက်လှမ်း ခံရ မှုမှာ မြန်မာ ပါဝင်

  • 30 အောက်တိုဘာ 2013
Stop Watching Protest in Washington
Image caption အမေရိကန် ထောက်လှမ်းရေးရဲ့ လျှို့ဝှက် ထောက်လှမ်းမှု တွေကို ကန့်ကွက် ဆန္ဒပြသူ တစ်ယောက်

အမေရိကန် ပြည်ထောင်စုက တကမ္ဘာလုံးမှာ လျှို့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေတယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း Edward Snowden ရဲ့ ဖွင့်ဟ ပြောဆိုမှု တွေကြောင့် လူအများ ပိုမို သိလာခဲ့ ရာမှာ အခုတော့ သူတို့ ထောက်လှမ်းတဲ့ အထဲမှာ မြန်မာ နိုင်ငံလည်း ပါဝင်တယ်လို့ သြစတြေးလျ သတင်းစာကြီး တစ်စောင်က ရေးသား ဖော်ပြ လာပါတယ်။

သြစတြေးလျနဲ့ အိမ်နီးချင်း နိုင်ငံ တွေမှာ ရှိတဲ့ နေရာပေါင်း ၉၀ လောက်ကို အမေရိကန်က ကြားဖြတ် ထောက်လှမ်းနေပြီး အဲဒီထဲမှာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား ထိုင်း စတဲ့ နိုင်ငံတွေ ပါဝင်တယ်လို့ သြစတြေးလျ နိုင်ငံထုတ် Sydney Morning Herald သတင်းစာ ထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ကတော့ အမေရိကန်က သူ့ ပြည်သူတွေ အပါအဝင် မဟာမိတ် နိုင်ငံတွေနဲ့ တခြား နိုင်ငံ အတော် များများရဲ့ စာတွေ၊ အီးမေးတွေနဲ့ တယ်လီဖုန်း အဆက် အသွယ် တွေကို ကြားဖြတ် နားထောင်တယ် ဆိုတာ သိရပေမဲ့ မြန်မာ နိုင်ငံ ပါမပါ မသိ ပါဘူးလို့ နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒါပေမဲ့ မဟာမိတ် နိုင်ငံတွေကိုတောင် ဆက်သွယ်မှုတွေနဲ့ ပတ်သက်လို့ ကြားဖြတ်နားထောင်တဲ့ အမေရိကန်က မြန်မာ နိုင်ငံကို အလားတူ လုပ်ဆောင်မယ် ဆိုရင်လည်း အံ့သြစရာတော့ မရှိဘူးလို့ သူက ပြောပါတယ်။

နိုင်ငံ တစ်နိုင်ငံဟာ သူ့လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ထင်တဲ့ ကိစ္စ အတွက် စုံစမ်း ထောက်လှမ်းတာက လွဲရင် လုံခြုံရေးကို ခြိမ်းခြောက်မှု မရှိတဲ့ မဟာမိတ် နိုင်ငံတွေ လုပ်ဖော်ကိုင်ဘက် နိုင်ငံတွေ၊ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေး ဝါဒ ကျင့်သုံး နေတဲ့ နိုင်ငံတွေ ရဲ့ ခေါင်းဆောင် တွေနဲ့ သူတို့ ပြည်သူတွေ ကိုတော့ လုံလောက်တဲ့ အကြောင်းပြချက် မရှိဘဲ လုပ်ဆောင်တာ မသင့်တော်ဘူးလို့ ယူဆကြောင်း ဦးရဲထွဋ်က ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ