မြန်မာထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ရုံးဖွင့်

  • 31 အောက်တိုဘာ 2013
burma_thai_human_trafficking_joint_office
Image caption မြန်မာနဲ့ ထိုင်း နယ်စပ် လူကုန်ကူးမှု တိုက်ဖျက်ရေး ရုံးတွေဖွင့်လှစ်

မြန်မာ ထိုင်း နယ်စပ် လူကုန် ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ ဆက်ဆံရေး ရုံးတွေကို မြန်မာနိုင်ငံ မြ၀တီနဲ့ ထိုင်းနိုင်ငံ မဲဆောက် မြို့တွေမှာ ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာ ထိုင်း နယ်စပ် တလျှောက်မှာ လူကုန် ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ ဆက်ဆံရေး ရုံးတွေ ကို ဖွင့်ရတာကတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ တရုတ် မြန်မာနယ်စပ် ပြီးရင် ထိုင်း မြန်မာ နယ်စပ်မှာ ဒုတိယ အများဆုံး လူကုန် ကူးခံ နေရတာကြောင့် ဖြစ်တယ်လို့ နှစ်နိုင်ငံ အာဏာပိုင် တွေက ပြောပါတယ်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေဟာ အရင်နှစ်ပေါင်း အတော်ကြာ ကထဲက လူကုန်ကူး ခံနေရတာ ဖြစ်ပေမဲ့ အခုမှ ဒီလို ရုံးတွေကို ဖွင့်နိုင် ရတာက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ခွင့် လက်မှတ် အဆင့်ကနေ ယာယီ နိုင်ငံကူး လက်မှတ်အထိ ထုတ်ပေးနိုင်အောင် နှစ်နိုင်ငံကြားမှာ တဆင့်ပြီး တဆင့် တိုးတက် ဆောင်ရွက် နိုင်တာနဲ့ မြန်မာနိုင်ငံက လက်ရှိ အပြောင်းအလဲ တွေကြောင့် ဖြစ်ပါတယ်။

ထိုင်းဖက်က လူ၀င်မှု ကြီးကြပ်ရေး ရုံးတွေမှာ နယ်စပ် ဖြတ်ကျော် ရာဇ၀တ်မှု တွေကို ဖေါ်ထုတ်ဖို့ အွန်လိုင်း လက်ဗွေဌာန၊ အွန်လိုင်းပါ့စ္စပို့ အစစ်နဲ့ အတုခွဲတဲ့ ဌာန၊ ရာဇ၀တ်မှု ကျူးလွန်သူ တွေကို အွန်လိုင်းကနေ ခြေရာခံတဲ့ ဌာနတွေကို ဆောင်ရွက်ထားပြီး မြန်မာဖက်ကိုပါ အကူအညီပေးသွား မယ်လို့သိရပါတယ်။

အခု ဆက်ဆံရေးရုံးဟာ တတိယမြောက်ရုံး ဖြစ်ပြီးတော့၊ ပြီးခဲ့တဲ့နှစ်က မြန်မာ ထိုင်းနယ်စပ် တာချီလိတ်နဲ့ မယ်ဆိုင်မှာ ပထမရုံးနဲ့ ကော့သောင်နဲ့ ရနောင်း မြို့တွေမှာ ဒုတိယရုံးတွေကို ဖွင့်လှစ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ