ပါမာ ဂုဏ်ထူးဆောင် မြို့တော်သူဆု ဒေါ်အောင်ဆန်း စုကြည် လက်ခံ

  • 31 အောက်တိုဘာ 2013
Daw Aung San Suu Kyi receives a degree of philosophy at the Bologna University on October 30, 2013 in Bologna. AFP PHOTO
Image caption Bolonga တက္ကသိုလ်က အပ်နှင်းတဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံ ပြီး မိန့်ခွန်း ပြောစဉ်

ဥရောပ နိုင်ငံများ ခရီးစဉ် အတွင်း လောလောဆယ် အီတလီ နိုင်ငံမှာ ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပါမာ Parma မြို့တော်ဝန်က အပ်နှင်းတဲ့ ဂုဏ်ထူးဆောင် မြို့တော်သူ ဆုကို ကြာသပတေးနေ့ မနက်ပိုင်းက လက်ခံ ရယူခဲ့ ပါတယ်။

မြို့တော် ခမ်းမမှာ ဆုလက်ခံ ရယူပြီး တဲ့နောက် Parma တက္ကသိုလ် မှာ ကျောင်းသူ ကျောင်းသားတွေကို လူတစ်သောင်းလောက် ဆံ့တဲ့ ခမ်းမကြီး ထဲမှာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း ပြောခဲ့ ပါတယ်။

အဲဒီ အခမ်း အနားကို အီတလီရောက် မြန်မာ တက္ကသိုလ် ကျောင်းသားတွေ အပါအဝင် မြန်မာ နိုင်ငံသား တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ကို အီတလီက တက္ကသိုလ် ကျောင်းသားတွေ လေးစား ကြတာ တွေ့ရပြီး ကြုံတောင့် ကြုံခဲ တွေ့ဆုံခွင့် ရဖို့ စိတ်အား ထက်သန် နေကြတာ တွေ့ရတယ်လို့ အဲဒီပွဲကို တက်ရောက် ခဲ့တဲ့ ကိုနေလင်းအောင်က ပြော ပါတယ်။

လူငယ်တွေ အနေနဲ့ သူတို့ ရည်မှန်းချက် တွေနဲ့ အကောင် အထည်ဖော်တဲ့ နေရာမှာ စိတ်ဓါတ် မကျဘဲ ကြိုးစား ကြဖို့ မြန်မာ နိုင်ငံက လူငယ်တွေနဲ့ နှိုင်းယှဉ် ပြောသွားတယ်လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဥရောပ ငါးနိုင်ငံ ခရီးဟာ နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ