ကျောင်းသားတပ်မတော် ၂၅ နှစ်ပြည့် ကျင်းပ

  • 1 နိုဝင်ဘာ 2013
Image caption လဂွမ်းဘွမ် အခမ်း အနားမှာ ABSDF လက်ရှိ ဥက္ကဌ ရဲဘော်သံခဲ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့

ဒီကနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ABSDF ကျောင်းသား တပ်မတော် တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အခမ်း အနားကို ကချင် ဒေသက ABSDF မြောက်ပိုင်း လဂွမ်းဘွမ် စခန်းမှာ ကျင်းပခဲ့ သလို့ ရန်ကုန်မြို့ မဂ္ဂင် ဘုန်းကြီးကျောင်းမှာလည်း ကျင်းပခဲ့ ပါတယ်။

လဂွမ်းဘွမ် အခမ်း အနားမှာ ABSDF လက်ရှိ ဥက္ကဌ ရဲဘော်သံခဲ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကေအိုင်အေ တပ်ဖွဲ့ အရာရှိ တွေနဲ့ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်း ရေးမှူး နိုင်ဟံသာ တို့လည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ သလို၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မျိုးဆက်သစ် တွေလည်း တက်ရောက်ခဲ့ ပါတယ်။

ရန်ကုန် မဂ္ဂင် ဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ အခမ်း အနားကိုတော့ မကဒတ ဥက္ကဌဟောင်း ကိုမိုးသီးဇွန်၊ ၈၈ မျိုးဆက် ပွင့်လင်း အဖွဲ့ အစည်းက ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ တက်ရောက် ခဲ့ကြ ပါတယ်။

၁၉၈၈ ခုနှစ်၊ ၈ လေးလုံး လူထု အုံကြွမှု ဖြစ်ပြီး စက်တာဘာလ စစ်တပ်က အာဏာ သိမ်းပြီးနောက် ကျောင်းသား အများ အပြား တောခိုကာ၊ စစ်အစိုးရကို လက်နက် ကိုင် တိုက်ခိုက်ဖို့ ကျောင်းသား တပ်မတော်ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှာ ဖွဲ့စည်း တည်ထောင်ခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ