ရိုဟင်ဂျာ စက်လှေ တိမ်းမှောက်

  • 3 နိုဝင်ဘာ 2013
rohingya
ရေကြောင်းက ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန် ပင်လယ် မှာ ရိုဟင်ဂျာ လှေစီး ခရီးသည် ၇ဝ တင်ဆောင် လာတဲ့ စက်လှေ တစင်း တိမ်းမှောက် မှု ကြောင့် လူ ၆ ယောက် လောက်ပဲ ဆယ်ယူ ရရှိ ပါတယ်။

ဒီစက်လှေ ဟာ ရခိုင် ကနေ ဘင်္ဂလားဒေ့ရှ် သို့မဟုတ် မလေးရှားကို ဦးတည် ခုတ်မောင်း ရင်း နစ်မြုပ် ခဲ့တာလို့ ယူဆရပြီး ဒီလူတွေဟာ စစ်တွေ အနီး တဝိုက်က ဒုက္ခသည် စခန်း တွေက ဖြစ်ဖို့ များတယ်လို့ ရဲ အရာရှိ တယောက်ကို ကိုးကား ထားပါတယ်။

အရင်ပတ်ကလည်း မြန်မာပြည်က လူ တထောင့်ငါးရာကျော် ရွှေ့ပြောင်း ထွက်ခွာ ခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မင်းကြီးရုံး က ပြောဆိုပါတယ်။

မိုးရာသီ ကုန်ဆုံးချိန်မို့ ရိုဟင်ဂျာ တွေ လူမျိုးရေး အဓိကရုဏ်း ရန်က လွတ်အောင် ရေကြောင်းက စွန့်စား ထွက်ပြေး ကြမယ့် အန္တရာယ် ရှိတယ်၊ လူမှောင်ခို ကူးတဲ့ ကိစ္စ တွေနဲ့လည်း ကြုံတွေ့ နိုင်တယ်လို့ ကုလ သမဂ္ဂ က သတိပေး လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ