မြန်မာ့ ရိုးရာခြင်း ကမ္ဘာကျော်တော့ မှာလား

  • 4 နိုဝင်ဘာ 2013
Brazil Football
Image caption ပိုက်ကျော်ခြင်း ကစား နေကြစဉ်

၂၀၁၄ ခုနှစ်ကျရင် ဘရာဇီး နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ မြန်မာ့ရိုးရာ ခြင်းလုံးကို သရုပ်ဖော် ပြသဖို့ အစီအစဉ် ရှိတယ်လို့ မြန်မာ နိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်က ပြောပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲ ဖွင့်ပွဲမှာ ဘရာဇီး နိုင်ငံ Global Network ရုပ်မြင် သံကြား လိုင်းကနေ ထုတ်လွှင့် ပြသဖို့ အတွက် ဘောလုံးနဲ့ အလား သဏ္ဍာန် တူတဲ့ ရိုးရာ အားကစားနည်း ငါးမျိုးကို ရွေးချယ်ရာမှာ မြန်မာ နိုင်ငံက ဝိုင်းခြင်း လို့ ခေါ်တဲ့ ရိုးရာ ခြင်းလုံးကို ကစားနည်း တစ်ခု အဖြစ် ရွေးချယ် ခံခဲ့ရတာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ခြင်းလုံး အဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး ဦးရဲအောင်က ဘီဘီစီကို ပြောပါတယ်။

ကျန်တဲ့ နိုင်ငံတွေက ဂျာမနီ၊ အိုင်ယာလန်၊ ထိုင်း၊ ဘရာဇီး နိုင်ငံတို့ က ကစားနည်းတွေ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

မြန်မာ့ ခြင်းလုံးကို ဘရာဇီး နိုင်ငံက စိတ်ဝင်စားတဲ့ အတွက် မြန်မာ နိုင်ငံ ခြင်းလုံး အဖွဲ့ချုပ် ကို ဆက်သွယ်ပြီး တဲ့နောက် မြန်မာ့ ရိုးရာ ခြင်းလုံး ကစားနည်းနဲ့ ပတ်သက်ပြီး ၁၀ ရက်ကြာ ဗီဒီယို ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ရိုက်ကူးခဲ့ ရာမှာ မြန်မာ့ ရိုးရာ ခြင်းကို ကြိမ်ကနေ ထုတ်လုပ်ပုံ ကနေ စပြီး ခြင်း ပညာရှင်တွေနဲ့ တွေ့ဆုံ မေးမြန်းတာ အပြင် မန္တလေးမှာ နှစ်စဉ်ကျင်းပတဲ့ ဝါဆို ခြင်းပွဲတော် ကိုလည်း ရိုက်ကူး သွားတယ်လို့ ဦးရဲအောင်က ပြောပါတယ်။

အခုနှစ် မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲမှာ အားကစားနည်း တစ်မျိုး အဖြစ် ပထမဆုံး အကြိမ် ထည့်သွင်း ခံရတဲ့ မြန်မာ့ ရိုးရာ ခြင်းလုံးကို ဒေသတွင်း နိုင်ငံတွေ ကလည်း စိတ်ဝင်စားမှု အတော် ရှိကြပြီး ၆ နိုင်ငံက ပါဝင် ယှဉ်ပြိုင်ဖို့ စာရင်း ပေးသွင်း ထားတယ်လို့ မြန်မာ နိုင်ငံ ခြင်းလုံး အဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ