အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့ ၁၆ ဖွဲ့ ဆွေးနွေး

peace_talk_myitkyinar
Image caption အပစ်ရပ်ရေး နီးစပ်လာပြီလား

မြစ်ကြီးနား မြို့မှာ ဒီနေ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တွေနဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လုပ်ငန်း ဖေါ်ဆောင်ရေး ကော်မတီ တို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးအတွက် စတင် ဆွေးနွေး ခဲ့ကြ ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ အစီ အစဉ်နဲ့ အခေါ် အဝေါ် အသုံး အနှုံးတွေကို ညှိနိုင်းလို့ မရနိုင် သေးဘဲ ပြီးဆုံး သွားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့က လိုင်ဇာမှာ ညှိနှိုင်းပြီး ဘုံ သဘောတူညီချက် ရခဲ့တဲ့ မူ ၁၁ ချက်ကို တင်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ အဲဒီ မူထဲက ၁ ချက် ဖြစ်တဲ့ ဖက်ဒရယ် တပ်မတော် ထူထောင်ရေး ဆိုတဲ့ တချက်နဲ့ အပစ် ရပ်ရေးကို အရင် လုပ်မလား နိုင်ငံရေး အရင် ဆွေးနွေးမလား ဆိုတာတောင် သဘောမတူ နိုင်သေးဘဲ အကြိတ်အနယ် ဆွေးနွေး နေဆဲ ဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား တက်ရောက် တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးကတော့ အပစ်ရပ်ရေး သဘော တူညီချက်ဟာ အရင်ကထက် စာရင် နီးစပ်လာပြီလို့ ပြောပါတယ်။ ဒါပေမယ့် တိုင်းရင်းသား တွေလိုလားတဲ့ ဖက်ဒရယ် တပ်မတော် ဆိုတာကတော့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ရဲ့ အတွင်းရေးမှူး ၂ ဦးခွန်ဥက္ကာ ကတော့ ငြိမ်းချမ်းရေး ရဖို့ ဆိုတာ နှစ်ဘက် အပေးအယူ ပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

ကေအိုင်အေ ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကတော့ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး ဆိုတဲ့ ခေါင်းစဉ်ကိုပဲ ဆွေးနွေးရသေးတဲ့အကြောင်းနဲ့ သဘောတရား ကိုတော့ မဆွေးနွေး ရသေးတဲ့ အကြောင်းပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု ၁၆ ဖွဲ့နဲ့ အတူ အစိုးရဘက်က ပြည်ထောင်စု ဝန်ကြီး ၆ ဦးတို့ တက်ရောက် ခဲ့ကြသလို လေ့လာ သူတွေအဖြစ် မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် ဗီ ဂျေ နမ်ဗီးယားနဲ့ တရုပ်သံရုံးက ကိုယ်စားလှယ် တွေတက်ရောက် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ