ဆစ်ဒနီ ငြိမ်းချမ်းရေးဆုရ နယ်စပ်ဆရာဝန်

  • 6 နိုဝင်ဘာ 2013
burmese refugee
Image caption နယ်စပ် ဒုက္ခသည် နေရပ်ပြန်ရေး အလှမ်းဝေး

မြန်မာ ထိုင်းနယ်စပ်မှာ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု တွေ ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင် ဟာ ဆစ်ဒနီ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်း က ချီးမြှင့်တဲ့ ငြိမ်းချမ်းရေး ဆုကို သြစတေးလျ နိုင်ငံ ဆစ်ဒနီ မြို့မှာ လက်ခံ ရယူ ခဲ့ပါတယ်။

၁၉၈၈ အရေးအခင်း နောက်ပိုင်း နယ်စပ် ဒေသနဲ့ ပြည်တွင်းက မြန်မာ တိုင်းရင်းသား ဒုက္ခသည် တွေနဲ့ နယ်စပ် ရွှေ့ပြောင်း အလုပ်သမား တွေရဲ့ ကျန်းမာရေး အတွက် အရေးပါတဲ့ ကဏ္ဍက ပါဝင်ခဲ့တဲ့ ဒေါက်တာ စင်သီယာ မောင်ရဲ့ မယ်တော် ဆေးခန်းကို မသိသူ မရှိ သလောက် ဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်တွင်း နိုင်ငံရေး ပွင့်လင်းလာမှုနဲ့ အတူ နယ်စပ် အခြေစိုက် လူမှု အကူအညီ တွေ ကလည်း ပြည်တွင်းကို ရွှေ့ပြောင်း ကူညီ လာကြ တာကို တွေ့ရပါတယ်။

ဒေါက်တာ စင်သီယာ မောင်ကတော့ ပြည်တွင်းကို ဝင်ပြီး ကူညီဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။ သူ့အနေနဲ့ နယ်စပ်မှာ အခြေကျ နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေနဲ့ ဝန်ထမ်း တွေကို မြန်မာ အစိုးရ ဘက်က လက်ခံ အသိအမှတ်ပြု လာဖို့ ဆက်လက် ကြိုးပမ်း သွားမယ် လို့ ဘီဘီစီကို ပြောကြား ပါတယ်။

ဒုက္ခသည်တွေ နေရပ် ပြန်နိုင်ပြီလို့ နှစ်ဘက် အစိုးရက ယူဆ ကြေညာ နေကြ ပေမယ့် လက်တွေ့မှာ နေရပ် ပြန်ဖို့ ခက်ခဲ နေဆဲ ဖြစ်ပြီး ပြည်တွင်းက ထွက်ခွာ လာတဲ့ ရွှေ့ပြောင်း အလုပ်သမား တွေလည်း နယ်စပ်မှာ တိုးပွား နေဆဲ ဖြစ်တယ်လို့ ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ