မြန်မာသံရုံးဗုံးခွဲရန် ကြံစည်သူကို ရုံးတင်

  • 6 နိုဝင်ဘာ 2013

မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေကို ဆက်ဆံမှုတွေ အပေါ် မကျေနပ်လို့ လက်စားချေတဲ့ အနေနဲ့ အင်ဒိုနီးရှားက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်သူ တစ်ယောက်ကို အကြမ်းဖက်မှု စွဲချက်နဲ့ နို၀င်ဘာ ၆ ရက်က ရုံးထုတ်ခဲ့ပါတယ်။

သူကတော့အသက် ၂၉ နှစ် အရွယ် Separiano ဆိုသူ ဖြစ်ပါတယ်။ နောက်ထပ် လူ ၄ ယောက်ကိုလည်း နောက်ပိုင်းမှာ ရုံးတင် စစ်ဆေးဖို့ ရှိပါတယ်။

အိမ်လုပ် ဗုံးတွေနဲ့ ဖောက်ခွဲဖို့ ကြံစည်ခဲ့ကြောင်း အပြစ် ထင်ရှားရင် တော့ သူဟာ သေဒဏ် ကျခံရဖွယ် ရှိပါတယ်။

ဖောက်ခွဲဖို့ စီစဉ်ထားတဲ့ ရက် မတိုင်ခင် တစ်ရက်က မသင်္ကာသူတွေထဲက နှစ်ယောက်က မော်တော်ဆိုင်ကယ်နဲ့ သွားလာစဉ် လမ်းမှာ တားဆီးပြီး စစ်ဆေး ခဲ့ရာမှာ ကျောပိုးအိတ်ထဲ ထည့်ယူလာတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ