လယ်တီသိမ်ကို သွားကြည့်ခွင့်ရပြီ

  • 8 နိုဝင်ဘာ 2013
Image caption နယ်မြေခံ ဝန်ကြီး နှစ်ယောက် အပါ အဝင် အာဏာပိုင် တွေနဲ့ ညှိနိုင်း အပြီး ခွင့်ပြုခဲ့

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း အတွင်းက လယ်တီ ဆရာတော် ဘုရားကြီးရဲ့ သိမ်နဲ့ စေတီဟာ မိုင်းခွဲ ဒဏ်တွေ ကြောင့် ကွဲအက်မှု ရှိမရှိ စနေနေ့မှာ သွားကြည့် မယ်လို့ သပိတ် စခန်း ဖွင့် ထားတဲ့ ဇီးတော ကျောင်းတိုက် ဆရာတော် ဦးစန္ဒာ သီရိက မိန့်ပါတယ်။

သပိတ် စခန်းက သံဃာတွေနဲ့ နယ်မြေခံ ဝန်ကြီး နှစ်ယောက် အပါ အဝင် အာဏာပိုင် တွေနဲ့ ညှိနိုင်း အပြီး အခုလို ခွင့်ပြုချက် ရခဲ့ တာပါ။

အာဏာပိုင်တွေ ကလည်း အခုလို သံဃာတွေ သပိတ် စခန်း ဖွင့်ထား တာကို ပြန်ရုပ် သိမ်းပေး ဖို့နဲ့၊ တရား ဥပဒေ အတိုင်း လေးစား လိုက်နာဖို့ ပြောတယ်လို့ ဆရာတော် က မိန့်ပါတယ်။

လယ်တီသိမ်နဲ့ သာသနာ့ နိက အဆောက် အဦး ကို သွားရောက် ကြည့်ရှုပြီး အဲဒီမှာ ပျက်စီး မှု ရှိ မရှိ ဆိုတဲ့ အပေါ် မူတည်ပြီး၊ သပိတ် စခန်းကို ရုပ် မရုပ် ဆိုတာ စဉ်းစား ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ လယ်တီသိမ် ပျက်စီး နေပြီ ဆိုရင် ဘာဆက် လုပ်မယ် ဆိုတာ ကတော့ သံဃာ့ ညီလာခံ ခေါ်ယူ ဆုံးဖြတ် မယ်လို့ လည်း ဆရာတော်က မိန့်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ