၅ နှစ် အတွင်း မြန်မာ နိုင်ငံမှာ မူးယစ်ဆေး ဖမ်းဆီးမှု ၇ ဆတိုး

  • 8 နိုဝင်ဘာ 2013
UNODC World Drugs Report
Image caption မြန်မာ နိုင်ငံမှာ ၂၀၁၂ ခုနှစ် အတွင်း မူးယစ်ဆေး စံချိန်တင် ဖမ်းမိ

အရှေ့တောင် အာရှ ဒေသ မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ မက်တာအမ်ဖီတမင်း Methamphetamine စိတ်ကြွဆေး ပြဿနာက အကြီးဆုံး ခြိမ်းခြောက်မှု အဖြစ် ရှိနေတုန်းပဲလို့ ကုလ သမဂ္ဂ မူးယစ် ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်ရေး ဆိုင်ရာ အဖွဲ့ UNODC က ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

၂၀၁၂ ခုနှစ်က ဒေသတွင်းမှာ မက်တာအမ်ဖီတမင်း စိတ်ကြွေ ဆေးပြားနဲ့ ဆေးခဲပေါင်း ၂၂၇ သန်း ဖမ်းမိကြောင်း UNODC က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးရမှုဟာ ၂၀၁၁ ခုနှစ်ကထက် ၆၀ ရာခိုင်နှုန်း စံချိန်တင် တိုးမြင့် လာတာ ဖြစ်ပြီး၊ ၂၀၀၈ ခုနှစ် ကထက် စာရင် ၇ ဆလောက် တိုးမြင့် လာတယ်လို့ ဆို ပါတယ်။

မြန်မာ နိုင်ငံမှာ စိတ်ကြွ ဆေးပြား ၁၈ သန်း ဖမ်းဆီးမိခဲ့တယ်လို့ ထောက်ပြ ပါ တယ်။

UNODC ရဲ့ Global SMART လို့ ခေါ်တဲ့ ဓါတု ပစ္စည်း က ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အစီ အစဉ်ရဲ့ အရှေ့တောင် အာရှ ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဦးထွန်းနေစိုးက တော့ ဖမ်းဆီးမှုတွေ များလာ သလို သုံးစွဲမှု တွေလည်း များလာတာ တွေ့ရတယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံ မူးယစ် ဗဟို ရဲ့ Project Management ဌာန သစ်က ဌာနမှူး ရဲမှူးကြီး ဦးဇော်လင်းထွန်း ကတော့ စိတ်ကြွဆေး ပြားတွေ ထုတ်လုပ်ရာမှာ သုံးတဲ့ ဓါတု ပစ္စည်းတွေကို ထိန်းချုပ်ရေး ပိုင်းမှာ တစ်ကမ္ဘာလုံး အတိုင်း အတာ အရ စိန်ခေါ်မှုတွေ ရှိနေ သေးတဲ့ အတွက် သူတို့ ဘက်က နှိမ်နင်းမှု အပိုင်းမှာ ပြဿနာ ဆက်ရှိ နေသေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုဆိုရင် အာရှ ပစိဖိတ် ဒေသ ၁၃ နိုင်ငံမှာ တချို့ နိုင်ငံတွေက စိတ်ကြွေဆေးကို အများဆုံး သုံးစွဲ ကြပြီး တချို့ နိုင်ငံတွေက ဒုတိယ သုံးစွဲမှု အများဆုံး ဖြစ်တယ်လို့ UNODC က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ