လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

  • 12 နိုဝင်ဘာ 2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ လိုင်ဇာ ညီလာခံ ဆုံးဖြတ်ချက်ထဲမှာ ပြည်ထောင်စု တပ်မတော် တည်ထောင် ပေးဖို့လည်း သဘောတူ ခဲ့ကြပါတယ်။

ဒါဟာ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်က သတ်မှတ်ချက် တရပ်လည်း ဖြစ်ပါတယ်။

ပြည်ထောင်စု စနစ် တစ်ခု အောက်မှာ ပြည်ထောင်စု တပ်မတော်ရှိဖို့ လိုအပ်တယ်လို့ သောတရှင်တို့ ယူဆပါသလား။ ပြည်ထောင်စု တပ်မတော် အပေါ် သောတရှင်တို့ရဲ့ အမြင်အတွေးတွေကို နိုဝင်ဘာလ ၁၆ ရက်မှာ လုပ်မယ့် ဘီဘီစီရဲ့ လွတ်လပ်အတွေး ဆွေးနွေး ဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

BBC Burmese Facebook – ‘Message’ ပို့တဲ့နေရာကနေလည်း ဖုန်းနံပါတ်နဲ့တကွ ဆက်သွယ် နိုင်ကြပါတယ်။