ရုရှ စစ်သင်္ဘော ၃ စင်း သီလဝါ ဆိပ်ကမ်းရောက်

  • 13 နိုဝင်ဘာ 2013
Japan Navy ship in Burma
Image caption စက်တင်ဘာ လကုန်ကလည်း ဂျပန် ရေတပ် ရေယာဉ် ရန်ကုန်ကို ရောက်လာခဲ့

နှစ်ပေါင်း များစွာအတွင်း ပထမဆုံး အကြိမ် အဖြစ် ရုရှ နိုင်ငံက ရေတပ် စစ်သင်္ဘော သုံး စင်း ရန်ကုန် သီလဝါ ဆိပ်ကမ်းကို ဗုဒ္ဓဟူးနေ့က ရောက်ရှိ လာ ပါတယ်။

နှစ်နိုင်ငံ သံတမန် ဆက်သွယ်မှု ၆၅ နှစ်ပြည့်ပြီး နောက်တစ်နေ့မှာ မြန်မာ နိုင်ငံကို ရောက်လာ တာပါ။

စိတ်ဝင်စားသူတွေ အနေနဲ့ နိုဝင်ဘာ ၁၆ ရက် နဲ့ ၁၇ ရက် တို့မှာ စစ်ရေ ယဉ်တွေ ပေါ်ကို တက်ရောက် လေ့လာ နိုင်တယ်လို့ ရန်ကုန်မြို့မှာ ရှိတဲ့ ရှရှ သံရုံးက ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက် မှာ တော့ ရေတပ် သင်္ဘောတွေ သီလဝါ ဆိပ်ကမ်း ကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ