သမ္မတဟောင်း ကလင်တန် မြန်မာနိုင်ငံရောက်

  • 14 နိုဝင်ဘာ 2013
bill_clinton_mpc_burma
Image caption မြန်မာ့ အရေးကို စိတ်ဝင်စားတဲ့ ဘီလ်ကလင်တန်

အမေရိကန် သမ္မတ ဟောင်း ဘီလ်ကလင်တန် ဟာ မြန်မာနိုင်ငံ ကို သူ ရဲ့ ပထမဆုံးခရီး စဉ်အဖြစ် ရောက်ရှိလာ ပါတယ်။

အသက် ၄၆ နှစ် အရွယ်နဲ့ အမေ ရိကန်နိုင်ငံ ရဲ့ ၄၂ ယောက် သမ္မတ ဖြစ် လာခဲ့ သူ၊ အမေ ရိ ကန် မှာ လူကြိုက် များ ပြီး သက် တမ်း နှစ် နှစ်ဆက်တိုက် အရွေး ခံ ရသူ၊ သမ္မ တ ဟောင်း ဘီကလင် တန် ဟာ မြန်မာသမ္မ တဦး သိန်းစိန် ရဲ့ ဖိတ်ကြား ချက်နဲ့ မြန်မာနိုင်ငံ ကိုပထဆုံးရောက် ရှိလာ တာဖြစ် ပါတယ်။

ကြာပတေးနေ့ မနက် က သူဟာ နေပြည်တော် မှာ သမ္မတ ဦး သိန်းစိန် ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေ မန်း တို့ နဲ တွေ့ခဲ့ သလို ဒေါ် အောင်ဆန်းစု ကြည်ကို လည်း အဲဒီနေ့ နေ့လည်မှာ ရန်ကုန် တက္က သိုလ်ရိပ် သာ လမ်းက နေအိမ် ကို သွား ရောက်ပြီး တွေ့ ဆုံခဲ့ ပါ တယ်။

ကြာသတေး နေ့ ညနေ ၄ နာ ရီ မှာ ရန်ကုန် က နိုင်ငံ ရေး ပါတီ တွေ၊ အရပ်ဘက် လူအဖွဲ့ အစည်းတွေ နဲ့ တွေ့ဆုံတဲ့ အချိန် မှာ တော့ လက် ရှိ မြန်မာနိုင်ငံ ရဲ့ အကူးအပြောင်း ကာလ ကို သူ့ရဲ့ အတွေ့ကြုံတွေ နဲ့ ယှဉ် ပြီးပြောကြား သွား ခဲ့ပါတယ်။

အဲဒီလို ပြောကြား ခဲ့ရာမှာ မစ္စတာ ကလင်တန်က တကမ္ဘာ လုံး ကမြန်မာနိုင်ငံ ရဲ့ ကောင်း သတင်း တွေ ကို ကြား ချင် နေကြ ပေမယ့် မြန်မာနိုင်ငံ မှာ မတူညီ တဲ့ လူ့အဖွဲ့အ စည်းတွေ ကြားမှာ တစ် ယောက်နဲ့တစ် ယောက် အပြန်အလှန် သတ်ဖြတ် တိုက်ခိုက် တာတွေကို သိရတဲ့ အခါမှာ သူ တို့ စိတ် ဆင်းရဲ ကြရတယ်လို့ ဆိုပါတယ်။ သူတို့ အနေနဲ့ မြန်မာ နိုင်ငံရဲ့ အသွင် ကူးပြောင်းရေး ကိုအောင်မြင်စေ ချင် ကြတယ် လို့ ပြောသွားပါတယ်။

မိနစ် လေးဆယ်လောက် ကြာမြင့် တဲ့ သူ ရဲ့ ဟော ပြော မှုတွေမှာ နိုင်ငံ အရေး မှာ ပါဝင် တဲ့ ခေါင်း ဆောင်တွေ ဟာ ပွင့် လင်း မြင် သာ မှုရှိ ဖို့ တစ် ယောက်နဲ့ တစ် ယောက် ယုံကြည်ကြ ဖို့ ၊ မတူကွဲ ပြား မှု တွေကို လေးစား ဖို့ နဲ့ အတူလက် တွဲ ပြီး လုပ် ကိုင် ကြ ဖို့ ၊ တစ်ယောက်နဲ့ တစ် ယောက် အမြင် အတွေး တွေ ကိုအပြန် အလှန် နားထောင် ပေး ကြဖို့ ကို သူ့ရဲ့ သမ္မတသက် တမ်း တစ် လျှောက် မှာ ရဝမ် ဒါ၊ ဘရာဇီး ၊ ကိုဆိုဗို ၊ဘော စနီး ယား နဲ့ အရှေ့အလယ် ပိုင်း စတဲ့ နိုင်ငံ တွေ မှာ သူ ရင်ဆိုင်တွေ့ ကြုံခဲ့ ရတာ တွေ နဲ့ ချိန် ထိုးပြီး တစ်ချက် ချင်း ပြော သွား တာဖြစ် လို့ တက် ရောက်လာသူ တွေက အထူး စိတ်ဝင်စား ခဲ့ကြပါတယ်။

စီးပွား ရေးအရ အောင်မြင် ပြီး လူ ကြိုက် များ ခဲ့တဲ့ သမ္မတ ကလင် တန် ရဲ့ စကား တွေ ဟာ မြန်မာနိုင်ငံရဲ့ အခု လိုအ ကူးအပြောင်းကာ လ မှာ အတုယူ စရာတွေ ဖြစ်တယ် လို့ လည်းဒီမို ကရက် တစ် ပါ တီ မြန်မာ ရဲ့ အတွင်း ရေးမှူး ဒေါ် သန်းသန်း နုက ဘီဘီစီကို ပြောပါတယ်။

အမေရိကန် သမ္မတဟောင်း ကလင် တန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ သောကြာနေ့ မှာတော့ ၈၈ ပွင့် လင်း လူအဖွဲ့အစည်းက ခေါင်း ဆောင်တွေ နဲ့ တွေ့ ဖို့ ရှိပါတယ်။

အခုလို ဒီမို ကရက်တစ် ပါ တီက သမ္မတဟောင်း တစ် ယောက် ဟာ ကိုယ်တိုင်ကိုယ်ကျ မြန်မာနိုင်ငံ ကို ရောက် လာတာ ကိုကြည့်ရင် မြန်မာနိုင်ငံ ရဲ့ နိုင် ငံ ရေး ပြုပြင် ပြောင်း လဲမှုတွေကို အမေရိ ကန်နိုင်ငံ က နိုင်ငံရေးအ သိုင်းဝိုင်း မှာ ထဲထဲ ဝင်ဝင်လက်ခံ နေပြီ ဖြစ်တယ် လို့ သုံး သပ် မှုတွေလည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ