အီးယူ အကူအညီအတွက် မြန်မာနဲ့ စာချုပ် ချုပ်

  • 15 နိုဝင်ဘာ 2013
Image caption ကြာသပတေးနေ့ ရန်ကုန် ဆွေးနွေးပွဲကို တော့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

EU-Myanmar Task Force လို့ခေါ်တဲ့ ဥရောပက မြန်မာ နိုင်ငံကို အကူအညီ ပေးရေး အဖွဲ့ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပ ခဲ့ပြီး၊ အကူ အညီ ပေးရေး သဘောတူ စာချုပ် တွေလည်း ချုပ်ဆိုခဲ့ကြ ပါတယ်။

အဲဒီ အထဲမှာ အသေးစား အလတ်စား စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲ၊ ကုန်ကြမ်း ပစ္စည်း ဆိုင်ရာ ဆွေးနွေးရေး၊ ခရီးသွား လုပ်ငန်း ပူးပေါင်း ဆောင်ရွက် ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အကူ အညီ ပေးရေးနဲ့ လယ်ယာ ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီမှု စာချုပ်တွေမှာ အစိုးရ တာဝန်ရှိ သူတွေနဲ့ အီးယူ ကိုယ်စားလှယ်တို့ လက်မှတ် ရေးထိုးခဲ့ကြ ပါတယ်။

ဒါအပြင် ဗဟိုဘဏ်နဲ့ ဥရောပ ရင်းနှီးမြှုပ်နှံမှု ဘဏ်တို့နဲ့ ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်လည်း ချုပ်ဆိုခဲ့ ပါတယ်။

ဥရောပ အနေနဲ့ တစ်နှစ်ကို ဒေါ်လာ သန်း ၁၂ဝ နှုန်းနဲ့ ၇ နှစ် ထောက် ပံ့ပေး သွားမယ်လို့ အီးယူ ကြေညာထားပါတယ်။

ဒီဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန်နဲ့ ဥရောပ ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ မစ္စစ် ကက်သရင်း အက်ရှ်တန် တို့က ဦးဆောင် ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ