အခြေခံဥပဒေပြင်ရေး နေပြည်တော် အစည်းအဝေးပွဲ

  • 18 နိုဝင်ဘာ 2013
Image caption မန္တလေးတိုင်း ရန်ကုန်တိုင်း နဲ့ နေပြည်တော် ပတ်ဝန်းကျင်က ပြည်သူ လူထုတွေ တက်ရောက် ခဲ့ကြ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ က ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ လူထု ဆန္ဒ သဘောထား ရယူပွဲ အခမ်း အနားကို လူနှစ်သောင်း နီးပါး တက်ရောက် ခဲ့ပါတယ်။

မန္တလေးတိုင်း ရန်ကုန်တိုင်း နဲ့ နေပြည်တော် ပတ်ဝန်းကျင်က ပြည်သူ လူထုတွေ တက်ရောက် ခဲ့ကြတာ ဖြစ်ပြီး၊ ဒီပွဲမှာ အန်အဲလ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေးနဲ့ တရား ဥပဒေ စိုးမိုးရေး အတွက် အခြေခံ ဥပဒေကို ပြင်ဖို့လိုတဲ့ အကြောင်း ဟောပြောခဲ့ ပါတယ်။

တရားစီရင်ရေး မဏ္ဍိုင်ဟာ အုပ်ချုပ်ရေး မဏ္ဍိုင်အောက်က လွတ်မြောက် နေရမှာ ဖြစ်ကြောင်းနဲ့ အခုတော့ မြန်မာ နိုင်ငံမှာ တရားစီရင်ရေး မဏ္ဍိုင်ဟာ မသန့် ရှင်းဘဲ ဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွား ပါတယ်။

ဒီအခမ်း အနားကို အစပိုင်းမှာ နယ်မြေခံ ရဲက ခွင့်မပြုခဲ့ ပေမယ့် ပွဲလုပ်ခါနီး အချိန်ကျမှ ခွင့်ပြု ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ