ကုလ တိုက်တွန်းချက် မမျှတလို့ အစိုးရဆို

  • 21 နိုဝင်ဘာ 2013
Burma Government's spokesperson U Ye Htut
Image caption နှစ်ဘက် စလုံးက ပြစ်မှု ကျူးလွန်သူတွေကို အရေးယူ ထားတယ်လို့ဆို

ပြီးခဲ့တဲ့ ရက်ပိုင်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံ လူ့အခွင့် အရေး ကော်မတီ အစည်း အဝေးမှာ ချမှတ် ခဲ့တဲ့ မြန်မာ နိုင်ငံ လူ့အခွင့် အရေး ဆိုင်ရာ ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာ တွေကို နိုင်ငံသား ဖြစ်ခွင့် ပေးဖို့ တိုက်တွန်းတဲ့ ကိစ္စ နဲ့ ပတ်သက်လို့ မြန်မာ အစိုးရက ပယ်ချလိုက် ပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ စကားလုံး သုံးနှုန်းမှုကို လက်မခံ ကြောင်းနဲ့ ရခိုင် ပြည်နယ် အတွင်းမှာ ရှိနေတဲ့ ဘင်္ဂလီ လူမျိုးတွေထဲက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ ကိုက်ညီ သူတိုင်းဟာ နိုင်ငံသား ဖြစ်ခွင့် ရှိမယ်လို့ နိုင်ငံတော် သမ္မတရဲ့ ပြောရေး ဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

မှန်ကန်တဲ့ စာရင်း ဇယား ရဖို့ အတွက် မြန်မာ နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာနက စာရင်း ကောက်ယူမှုတွေ ပြုလုပ်ရာမှာ ဒုက္ခသည် စခန်းတွေမှာ ရှိနေကြတဲ့ ဘင်္ဂါလီ တွေက ပူးပေါင်း ပါဝင်မှု မရှိလို့ လုပ်ဆောင်နိုင်ခြင်း မရှိ ဖြစ်နေတယ်၊ ဒါကိုတော့ ကုလ သမဂ္ဂ ဘက်က ထောက်ပြခြင်း မရှိတာဟာ မမျှတ ဘူးလို့ ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

လူ့အခွင့် အရေး ဆုံးရှုံးနေမှု တွေကို မျှမျှတတ ဖြစ်အောင် လုပ်ဆောင်ဖို့ ကုလ သမဂ္ဂက ထောက်ပြ နေတာနဲ့ ပတ်သက်လို့တော့ မြန်မာ အစိုးရ အနေနဲ့ လူမျိုးရေး ဘာသာရေး ခွဲခြားမှုမျိုးကို လက်မခံကြောင်းနဲ့ နှစ်ဘက် စလုံးက ပြစ်မှု ကျူးလွန်သူ တွေကို အရေးယူ ထားတယ်လို့ သူက ပြောပါတယ်။

လောလောဆယ်မှာ ဒုက္ခသည် စခန်းထဲမှာ ရှိနေ ကြသူတွေ ထဲက ခိုးဝင်သူနဲ့ ကျန်သူတွေကို ခွဲခြားလို့ မရနိုင်သေးလို့ လုံခြုံရေး အရ သွားလာမှုတွေ ကန့်သတ်ထားရတာ ဖြစ်တယ်၊ ကိုယ်နိုင်ငံရဲ့ အခြေ အနေ အရ လိုအပ်သလို လုပ်ဆောင်ရတာ ဖြစ်တယ်လို့ လည်း ဦးရဲထွဋ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ