ရွေးကောက်ပွဲ ကော်မရှင် ပါတီတွေနဲ့ တွေ့ဆုံဆွေးနွေး

  • 22 နိုဝင်ဘာ 2013
၂၀၀၈ အခြေခံ ဥပဒေကို မူတည်ပြီး ဆွေးနွေး နေတာမို့ ရွေးကောက် ပွဲဟာ မျှတမှာ မဟုတ်ဘူးလို့ အန်အဲလ်ဒီဗဟို ကော်မတီဝင် ဦးညီပုကဆို

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၃၀ ကျော်က ခေါင်းဆောင် တွေဟာ သောကြာ နေ့မှာ တွေ့ဆုံ ပြီး ၂၀၁၅ ရွေးကောက် ပွဲ အတွက် ပြင်ဆင်သင့်တာ တွေကို ဆွေးနွေးခဲ့ ကြပါတယ်။

ဒီဆွေးနွေးပွဲ ဟာ၂၀၁၅ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေ တွေ ထွက်နိုင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ အကြို ညှိနှိုင်း တဲ့ ပွဲဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ် လောင်းတွေကို ဥပဒေနဲ့ အညီ ကြီးကြပ်ဖို့၊ ရွေးကောက်ပွဲ အငြင်းပွား မှုတွေ ဖြစ်လို့ ကန့်ကွက် လာတဲ့ အခါ မှန်မှန် ကန်ကန် ဖြေရှင်းရေး စီစဉ် ဆုံးဖြတ် နိုင်ဖို့၊ ရွေးကောက်ပွဲမှာ ပြည်တွင်း ပြည်ပ လေ့လာ စောင့်ကြည့် သူတွေနဲ့ ပူးပေါင်း နိုင်ဖို့ အပါ အဝင် ပြည့်စုံ မှန်ကန်တဲ့ မဲဆန္ဒရှင် စာရင်း ပြုစုရေး စတဲ့ အချက် ၁၁ ချက်ကို ဆွေးနွေး ခဲ့ကြ ပါတယ်။

အခုလို ဆွေးနွေး တာဟာ ၇ ကြိမ်ထက် မနည်း ဆွေးနွေးပြီး ဖြစ်ပေမယ့် ၂၀၀၈ အခြေခံ ဥပဒေကို မူတည်ပြီး ဆွေးနွေး နေတာမို့ ဒီဥပဒေကို မပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ တရား မျှတမှာ မဟုတ်ဘူးလို့ ဒီဆွေးနွေး ပွဲကို တက်ရောက် ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီရဲ့ ဗဟို ကော်မတီဝင် တဦး ဖြစ်တဲ့ ဦးညီပုဆို ပါတယ်။ ၂၀၁၀- ရွေးကောက် ပွဲတုန်းက မဲပေးခွင့်ရှိသူ စာရင်းကို အခြေခံပြီး ၂၀၁၄ မှာ ကောက်မယ့် သန်းခေါင်းစာရင်းနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ပြီးပြည့် စုံအောင် ဆောင်ရွက်မယ် လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မလုပ်ရသေးဘဲ ကျန်ခဲ့တဲ့ မဲဆန္ဒနယ်တွေ အတွက် ကြားဖြတ် ရွေးကောက်ပွဲ လုပ်ဖို့ ကိုတော့ လုံခြုံရေး အခြေ အနေ အရ လုပ်သင့်ရင် လုပ်မယ်လို့ ကော်မရှင် ဥက္ကဌက တုံ့ပြန် တယ်လို့လည်း ဆွေးနွေးခဲ့ သူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ