ကေအိုင်အေနဲ့ အစိုးရတပ် တိုက်ပွဲထပ်ဖြစ်

  • 22 နိုဝင်ဘာ 2013

ဗန်းမော်ခရိုင် မန်စီမြို့နယ် နမ့်လင်းပါရွာမှာ ကေအိုင်အေနဲ့ အစိုးရတပ်တွေ မနေ့က တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ နမ့်လင်းပါမှာ ရှိနေတဲ့ ကေအိုင်အေ ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်အောင်က ပြောပါတယ်။

နှစ်ဖက် ထိခိုက်မှုတွေ ဘယ်လိုရှိတယ် ဆိုတာ မသိရပေမယ့် အစိုးရ တပ်တွေက အင်အား အလုံးအရင်းနဲ့ ဝင်လာတဲ့အတွက် သူတို့ နေရာက ဖယ်ပေးလိုက်ရကြောင်း ဗိုလ်မှူးဂျွန်အောင်က ပြောပါတယ်။ နှစ်ဖက် တပ်တွေဟာ သိပ်ပြီး နီးနီးကပ်ကပ် ရှိနေတဲ့အတွက် နောက်ထပ် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

မန်စီမြို့နယ်ထဲမှာ အစိုးရတပ် အင်အား ထောင်နဲ့ချီ ရှိနေတယ် လို့လည်း ဗိုလ်မှူးဂျွန်အောင်က ပြောပါတယ်။

အဲဒီဒေသမှာ သစ်မှောင်ခိုမှုတွေ ရှိလို့ လိုက်လံ ရှင်းလင်းရင်း တိုက်ပွဲ ဖြစ်တာလို့ အစိုးရက ပြောခဲ့တာ ရှိပေမယ့်၊ ကေအိုင်အေ ဖက်ကတော့ သူတို့ကို ထောက်ခံတဲ့ ကချင်ရွာတွေကို အစိုးရက ထိန်းချုပ်ချင်တာသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ