UNFC ခေါင်းဆောင်တွေ မြန်မာပြည်သွား

  • 23 နိုဝင်ဘာ 2013
knu
Image caption မြန်မာ သမ္မတနဲ့ လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံခဲ့ဖူး

မြန်မာ အစိုးရ ဝန်ကြီး ဦးအောင်မင်း ဖိတ်ကြား မှုနဲ့ UNFC ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ က ၅ ဦး ကိုယ်စားလှယ် အဖွဲ့ မြန်မာ ပြည်ကို သွားခဲ့ပါတယ်။

ပဒို ဒေးဗစ် သာကပေါ၊ ခွန်းအေဘယ် တွိဒ်နဲ့ နိုင်ဟံသာတို့ ပါဝင်တဲ့ ဒီခရီးစဉ်ကို ဂျပန် အစိုးရရဲ့ မြန်မာ အမျိုးသား ပြန်လည် သင့်မြတ်ရေး အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာ ကာဝါ က ကြားဝင် ကူညီဆောင်ရွက် ပေးခဲ့ပါတယ်။

နိုဝင်ဘာ ၂၃ က ၂၆ ထိ ကြာမယ့် ခရီးစဉ် အတွင်း အစိုးရ အပါအဝင် အင်အားစု ပေါင်းစုံက ကိုယ်စားလှယ် တွေနဲ့ ဖြစ်နိုင်သမျှ တွေ့ဆုံ ဆွေးနွေးမယ်လို့ UNFC ကြေညာချက်မှာ ပါရှိပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင် မှာ ရောက်နေကြတဲ့ ပြည်တွင်း နိုင်ငံရေး ပါတီ ၁၁ ခု က ကိုယ်စားလှယ် တွေလည်း စနေနေ့က ABSDF ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ NLD လွတ် မြောက် နယ်မြေ စတဲ့ နိုင်ငံရေး အဖွဲ့အစည်း တွေနဲ့ တွေ့ဆုံ ခဲ့သလို မြန်မာအရေး ဆောင်ရွက် နေကြတဲ့ အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

ဒီတွေ့ဆုံမှု တွေဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အတွက် အကျိုးရှိတယ်လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် သစ်တောနဲ့ သတ္တုတွင်း ဝန်ကြီး စိုင်းအိုက်ပေါင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ