SMS နဲ့အားကစား သတင်းတွေကို ဖတ်နိုင်တော့မယ်

  • 26 နိုဝင်ဘာ 2013
Image caption Short Message Service လို့ခေါ်တဲ့ SMS နဲ့ အားကစားသတင်း ဖတ်နိုင်ပြီ

ဘီဘီစီရဲ့ အားကစား သတင်းတွေကို SMS နဲ့ သောတရှင်တို့ရဲ့ မိုဘိုင်းဖုန်းတွေဆီ ပို့ပေးတော့မှာမို့ နောက်ဆုံးရ အားကစား သတင်းတွေကို နို၀င်ဘာ ၂၆ ရက်နေ့ကစပြီး ဖတ်ရှု နိုင်တော့မှာ ဖြစ်ပါတယ်။

အခုလို ၀န်ဆောင်မှုတွေကို ဘီဘီစီ မြန်မာပိုင်း အစီအစဉ်နဲ့ ပြည်တွင်းက ဘလူးအိုးရှင်း ကုမ္ပဏီတို့ ပူးတွဲ တင်ဆက်ပေးတာ ဖြစ်ပါတယ်။

အခုလဆန်းပိုင်းတုန်းကလည်း မြန်မာ နဲ့ နိုင်ငံတကာ သတင်းတွေကို SMS ၀န်ဆောင်မှု စတင်ပေးခဲ့ပြီး အခုတော့ အားကစား သတင်းတွေကို တိုးချဲ့ ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။

ဘီဘီစီ မြန်မာပိုင်း အစီအစဉ်နဲ့ ဘလူးအိုးရှင်း ကုမ္ပဏီတို့ဟာ အခုနှစ် ဇွန်လကစပြီး တမိနစ်ခွဲစာ အသံနဲ့ မိုဘိုင်းသတင်းပေးပို့တဲ့ အစီအစဉ်ကို ၀န်ဆောင်မှု ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ