UNFC နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

  • 25 နိုဝင်ဘာ 2013
Image caption တိုင်းရင်းသားတွေ လိုလားတဲ့ အချက်တွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း သဘောတူ

ရန်ကုန်မြို့ကို ရောက်နေတဲ့ UNFC ညီညွတ် သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ က တိုင်းရင်းသား ခေါင်းဆောင်တွေ ဟာ တနင်္လာနေ့ ညနေပိုင်းက ဒေါ်အောင်ဆန်း စုကြည် နေအိမ်မှာ သွားရောက် တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

UNFC က တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပထမဆုံး အကြိမ် အဖြစ် တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့တာ ဖြစ်သလို၊ ၁ နာရီခွဲကျော် ကြာတဲ့ ဒီဆွေးနွေးမှု အတွင်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲ ရေး ကိစ္စနဲ့၊ အခု တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ အစိုးရ ဆွေးနွေး နေတဲ့ အပစ် အခတ် ရပ်စဲရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ကူညီဖို့ ဆွေးနွေး ခဲ့တာလည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ဖယ်ဒရယ် ပြည်ထောင်စု ကိစ္စ ဆွေးနွေးတဲ့ အခါ သဘောထားတွေ ထပ်တူ ကျတဲ့ အကြောင်း ပြောပါတယ်။ UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ကတော့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံ စစ်စစ် ဖြစ်ဖို့ ဆိုရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ လွှတ်တော် ထဲမှာ မဖြစ် နိုင်တာ မို့ အသစ် ရေးတာဟာ အားလုံး လိုချင်တဲ့ ပန်းတိုင် ဖြစ်မယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ဘားအံမှာ ဒုတိယ အကြိမ် ဆွေးနွေးမယ့် ပွဲကိုတော့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖို့ ဆိုတာ အတိ အကျ အစီ အစဉ် မရှိသေး ပေမယ့် တိုင်းရင်းသားတွေ လိုလားတဲ့ အချက်တွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း သဘောတူ တဲ့ အကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ