မိန်းကလေးငယ်တွေ အကာအကွယ်မဲ့နေ

  • 25 နိုဝင်ဘာ 2013
burma girl
Image caption မိန်းကလေးတွေကိုယ်တိုင် သူတို့ အခွင့် အရေးကို သိဖို့လို

မြန်မာ နိုင်ငံက အသက် ငယ်ရွယ်တဲ့ မိန်းကလေး ငယ်လေးတွေဟာ လုပ်အား ခေါင်းပုံဖြတ် ခံရတာ၊မတော် မတရား ပြုကျင့် ခံရတာ အပါ အဝင် ပုံစံ အမျိုးမျိုးနဲ့ အကြမ်းဖက် ခံနေရ တာတွေ ရှိနေတယ်လို့ သူတို့ အခွင့် အရေး လှုပ်ရှားသူ တွေက ပြောပါတယ်။

ဥပဒေ ပြဌာန်းချက်တွေ ရှိနေပေမဲ့ ထိထိ ရောက်ရောက် အရေးယူ ကျင့်သုံးမှု မရှိတဲ့ အပြင် လူမှု အဖွဲ့ အစည်းတွေ အနေနဲ့ကလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် နိုင်ခြင်း မရှိသေးဘူးလို့ ရောင်စုံ မိန်းကလေးများ အဖွဲ့က ညှိနှိုင်းရေးမှူး နန့်သဇင်မင်းက ပြောပါတယ်။

မိန်းကလေးတွေ ကိုယ်တိုင်က သူတို့ကို မတော် မတရား ပြုခံရရင်တောင် ထုတ်ဖော် မပြောရဲတဲ့ အဖြစ်၊ ဥပဒေကို နားမလည်တဲ့ ကိစ္စ၊ အမှုဖွင့် တိုင်တန်းပြီး ဥပဒေ အရ အရေးယူ ဆောင်ရွက်ရာမှာ ငွေကြေး မတတ်နိုင်တဲ့ ကိစ္စတို့ကြောင့် ထိထိ ရောက်ရောက် ကာကွယ်ပေးနိုင်ခြင်း မရှိတာလို့ သူက ပြောပါတယ်။

လက်ရှိ အနေအထားမှာ မြန်မာ နိုင်ငံအတွင်း မိန်းကလေးတွေကို လိင်ပိုင်း ဆိုင်ရာ စော်ကားမှု၊ သတ်ဖြတ်မှု တို့ ကျူးလွန်တဲ့ အကြောင်း သတင်း မီဒီယာတွေ မှာ ပိုမို ဖော်ပြ လာတာ တွေ့ရတာနဲ့ ပတ်သက်လို့ စာရင်း ဇယား ကောက်ယူ ထားတာ မရှိလို့ အတိအကျ မပြောနိုင် ပေမဲ့ အရင်ကထက် ပိုများလာတာတော့ သူ့ အနေနဲ့ တွေ့နေရတယ်လို့ နန့်သဇင်မင်းက ပြောပါတယ်။

အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ ကနေ လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့ အထိ မြန်မာ နိုင်ငံ အတွင်း နှစ်ပတ်ကြာ အမျိုးသမီး တွေ အပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ