ငပုတောမှာ လယ်သမားတွေ ထောင်ကျ

  • 28 နိုဝင်ဘာ 2013
paddy
Image caption လယ်ပိုင်ဆိုင်မှုတွေ ခြိမ်းခြောက်ခံနေရ

သိမ်းထားတဲ့ လယ်တွေကို စီမံကိန်း မလုပ်ရင် ပြန်ပေးမယ် ဆိုတဲ့ သမ္မတ မိန့်ခွန်းကို ကြားပြီး သိမ်းခံရတဲ့ လယ်တွေမှာ ၀င်ရစိုက်လို့ မူလ လယ်ရှင် တွေကို ပိုင်နက် ကျူးလွန်မှုနဲ့ ထောင်ချ လိုက်ပါတယ်။

ကိုယ့်ဘိုးဘွား ပိုင်မြေမှာ ၀င်စိုက်တာပဲ ဆိုပြီး ထွန်ယက် ခဲ့တဲ့ ငပုတော သဲချောင်း ရွာက ကိုထွန်းထွန်းနိုင်၊ မယ်သီလ ရွာက မန်းစံဖေနဲ့ သား ကိုရွှေဧည့်သည် တို့ကို ငပုတော တရားရုံးက ပိုင်နက် ကျူးလွန်မှု ပုဒ်မ ၄၄၇ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လ အပြစ်ပေး ခံလိုက် ရတာပါ။

ထောင်ချခံရသူ တွေကို ငပုတောတရားရုံး ကနေ ပုသိမ်ထောင် ပို့လိုက်ပြီလို့ မိသားစု တွေက ပြောပါတယ်။

လွှတ်တော်ကို တိုင်စာတွေ ရောက်ကြောင်း၊ လယ်ပြဿနာတွေ အတွက် ထပ်မံ စုံစမ်းနေကြောင်း လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်း ခံရမှု ပြည်သူများ မနစ်နာစေရေး စုံစမ်းရေး ကော်မရှင် အဖွဲ့ခွဲ က ရန်ကုန် မြို့တော်ဝန် ဟောင်း ဦးအောင်သိန်းလင်း က ပြောပါတယ်။ ပုသိမ်ခရိုင် ငပုတော မှာပဲ လယ်သမား ၁ဝ ဦးထက် မနည်း အလားတူ ပုဒ်မတွေနဲ့ တရားစွဲခံ ရတာတွေ ရှိနေပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ် စတဲ့ နေရာတွေ မှာလည်း လယ်တွေထဲ ၀င်ထွန်လို့ ဆိုပြီး တရားစွဲ ခံနေရတာတွေ၊ လယ်သမား တွေကို ကူညီသူ တွေကို အသင်းအဖွဲ့ ပုဒ်မ ၁၈၊ ပုဒ်မ ၆ စတာတွေနဲ့ ဖမ်းဆီး တရားစွဲတာ တွေ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ