လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

  • 28 နိုဝင်ဘာ 2013
Sea Games
Image caption ပြိုင်ပွဲမှာ ခြင်းလုံးအားကစားလည်း ပါဝင်မယ်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးဟာ ဒီဇင်ဘာလ ဆန်းဆိုရင် စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အတွင်း မြန်မာ့မြေမှာ ပထမဆုံး ပြန်ကျင်းပတဲ့ ဆီးဂိမ်း ပွဲတော်မှာ သောတရှင်တို့ ဘယ်လိုပါဝင် အားပေးဖို့ ပြင်ဆင်ထားပါသလဲ။ ပါဝင် အားပေးနိုင်ဖို့ အခြေအနေ အခွင့်အလမ်းတွေရော ဘယ်လောက် ရကြပါလဲ။

ကိုယ့်ရဲ့ အမြင်အတွေးတွေကို နိုဝင်ဘာလ ၃၀ ရက်မှာ တင်ဆက်မယ့် ဘီဘီစီရဲ့ လွတ်လပ်အတွေး ဆွေးနွေး ဖလှယ်အစီအစဉ်မှာ ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဖုန်းနံပါတ် ဝ၀၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk အီးမေးလ်ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ် ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာ အကျဉ်းကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

BBC Burmese Facebook မှာလည်း ကိုယ့်ရဲ့အမြင်တွေကို ရေးသားနိုင်ကြသလို ဖေ့စ်ဘုတ်ရဲ့ Message ကနေလည်း ဖုန်းနံပါတ်နဲ့တကွ ဆက်သွယ်နိုင်ပါတယ်။