လွတ်လပ်အတွေး ဆွေးနွေးဖလှယ် - ဦးခင်ညွန့်ပြောတဲ့ နိုင်ကျဉ်းကိစ္စ

  • 3 ဒီဇင်ဘာ 2013
U Khin Nyunt
Image caption စာအုပ်မိတ်ဆက်ပွဲမှာ တွေ့ရတဲ့ ဦးခင်ညွန့်

တည်ဆဲဥပဒေကို ဖောက်ဖျက်တယ်လို့ အစိုးရက ယူဆရင် ဒါဟာ အပြစ်ရှိတဲ့ ရာဇဝတ်သားပဲ ဖြစ်တယ်လို့ ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်က ပြီးခဲ့တဲ့ သတင်းပတ်က သူ့အင်တာဗျူးစာအုပ် မိတ်ဆက်ပွဲမှာ ပြောခဲ့ပါတယ်။

ဒီတော့ နိုင်ငံရေးလှုပ်ရှားသူတွေ အကျဉ်းကျတာဟာ တကယ်ပဲ အပြစ်ရှိလို့ပါလား။ သောတရှင်တို့အနေနဲ့ ဘယ်လို ယူဆကြပါသလဲ။

ကိုယ့်ရဲ့ အမြင်အတွေးတွေကို ဒီဇင်ဘာလ ၇ ရက်မှာ တင်ဆက်မယ့် ဘီဘီစီရဲ့ လွတ်လပ် အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk အီးမေးလ်ကို ဖြစ်စေ ဆက်သွယ်ပြီး ကိုယ့်ရဲ့ နာမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ နိုင်ငံနဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာအကျဉ်းကို ပြောခဲ့ရင် ဘီဘီစီက ဖုန်းပြန်ခေါ်ပေးပါမယ်။

BBC Burmese Facebook မှာလည်း ကိုယ့်ရဲ့အမြင်တွေကို ရေးသားနိုင်ကြပါတယ်။