ယုဒဿန် နှစ်၂၀၀ပြည့်

  • 4 ဒီဇင်ဘာ 2013
Image caption ယုဒဿန် နှစ်၂၀၀ပြည့် အထိမ်းအမှတ်ပွဲ ကို ဒီဇင်ဘာလ ၅ရက်မှာ ကျင်းပဖို့ စီစဉ်ထား

အမေရိကန် ခရစ်ယာန် သာသနာပြု ဆရာကြီး ဒေါက်တာ ယုဒဿန် မြန်မာပြည်ကို ရောက်ရှိ သာသနာ ပြုခဲ့တဲ့ နှစ် ၂၀၀ပြည့် အထိမ်းအမှတ် ကို နိုင်ငံတဝန်းက နှစ်ခြင်း ခရစ်ယာန်တွေ စုပေါင်းပြီး ဒီဇင်ဘာလ ၅ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဆရာကြီး ယုဒဿန်ဟာ မြန်မာနိုင်ငံထဲကို နှစ်ခြင်း သာသနာ မျိုးစေ့ ချပေးခဲ့သလို ယုဒဿန် အင်္ဂလိပ်-မြန်မာ အဘိဓါန်၊ မြန်မာ-အင်္ဂလိပ် အဘိဓါန် စာအုပ်တွေ ရေးသား ပေးခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ဆရာကြီး ယုဒဿန်ဟာ အင်္ဂလိပ် မြန်မာ စစ်ပွဲမှာ ငြိမ်းချမ်းရေး ဆောင်ကျဉ်းဖို့ ရန္တပို စာချုပ် ချုပ်ဆိုရာမှာ ပါဝင်ခဲ့သလို အင်္ဂလိပ် မြန်မာ ဆက်ဆံရေး တွေမှာလည်း ကြားဝင် ဆောင်ရွက်ပေးခဲ့တယ်လို့ ခရစ်ယာန် ဓမ္မသဘင် ဖြစ်မြောက်ရေး အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဆရာ စောစမ်းစန်က ဘီဘီစီကို ပြောပြပါတယ်။

ဒီပွဲကို ကမ္ဘာ့ နှစ်ခြင်း သဟာယ အထွေထွေ အတွင်းရေးမှူး တက်ရောက်မှာ ဖြစ်သလို အမေရိကန်နဲ့ အာရှ ပစိဖိတ်ဆိုင်ရာ နှစ်ခြင်းအသင်း အတွင်းရေးမှူးတွေ တက်ရောက်မယ်လို့ သိရပါတယ်။