ဒေါ်အောင်ဆန်းစုကြည် ကာတာသို့ ရောက်ရှိ

  • 9 ဒီဇင်ဘာ 2013
Image caption ရန်ကုန်လေဆိပ်မှ ထွက်ခွာစဉ်

ကမ္ဘာတလွှားက ကျန်းမာရေး စောင့်ရှောက်မှု တွေကို တိုးတက် ကောင်းမွန်အောင် လုပ်ပေးဖို့ ထိပ်တန်းပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ကမ္ဘာ့ ကျန်းမာရေး ဆိုင်ရာ ထိပ်သီးညီလာခံ World Innovation Summit for Health (WISH)ကို တက်ရောက်ဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကာတာ နိုင်ငံ ဒိုဟာမြို့ကို ရောက်ရှိနေပါတယ်။

မနက်ဖြန် ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ဒီညီလာခံကို အစိုးရတွေ၊ စီးပွားရေး ခေါင်းဆောင်တွေ၊ ပညာရှင်တွေ တက်ရောက်ပြီး ကမ္ဘာ့မှာ ကနေ့ ရင်ဆိုင်နေရတဲ့ အရေးကြီးဆုံး ကျန်းမာရေး ပြဿနာတွေကို ကူညီဖြေရှင်းဖို့ ဆွေးနွေး အဖြေရှာကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ