လွတ်လပ်အတွေး ဆွေးနွေးဖလှယ် လွတ်လပ်ရေးနေ့အထူး။

  • 10 ဒီဇင်ဘာ 2013
လွတ်လပ်ရေး ကျောက်တိုင်
Image caption လွတ်လပ်ရေး ကျောက်တိုင်

မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တာ အခုဆိုရင် ၆၆ နှစ်ရှိပါပြီ။

လွတ်လပ်တဲ့ အချုပ်အခြာ အာဏာ ပိုင်နိုင်ငံ ဖြစ်လာပေမယ့်လည်း အနှစ်၅၀နီးပါး စစ်အာဏာရှင် စံနစ်ကြီးစိုးတာကို ခံခဲ့ရပါတယ်။

အခုအခါ ဒီမိုကရေစီ အသွင်ကူးပြောင်းလာတဲ့ လက္ခဏာတွေ တွေ့မြင်နေရ ပါပြီ။

ဒီတော့ တိုင်းသူပြည်သားတွေကရော လွတ်လပ်ရေးရဲ့ အနှစ်သာရကို ခံစားခွင့် ရနေပြီလား။

လွတ်လပ်ခွင့်ကို လူတိုင်း သာတူညီမျှ ခံစားနိုင်အောင် အဓိက ဘာတွေ လိုအပ်ပါသလဲ။

သောတရှင်တို့ရဲ့ အမြင်အတွေးတွေကိုဇန္နဝါရီလ ၄ရက် စနေနေ့မှာ တင်ဆက်မယ့် ဘီဘီစီရဲ့ လွတ်လပ် အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဖုန်းနံပါတ် ၀၀ ၄၄ ၂၀၃ ၆၁ ၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk အီးမေးလ်ကို ဖြစ်စေ ဆက်သွယ်ပြီး ကိုယ့်ရဲ့ နာမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ နိုင်ငံနဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေ ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

BBC Burmese Facebook မှာလည်း ကိုယ့်ရဲ့အမြင်တွေကို ရေးသားနိုင်ကြပါတယ်။