ကေအိုင်အေ တပ်သားစု ဒေသခံတချို.စိတ်ပူ

  • 9 ဒီဇင်ဘာ 2013

ကချင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့ပြီး ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ က တပ်သားသစ်တွေ ခေါ်ယူစုဆောင်းနေတာကြောင့် ဒေသခံတွေဘက်က စိုးရိမ်နေကြတယ်လို. သတင်းရရှိပါတယ်။

အစိုးရ စစ်တပ်အင်အား လှုပ်ရှားမှု ရှိတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲက နမ့်လင်းပါနဲ့ မုန့်လင်းပါ ရွာတွေတဝိုက်မှာ ပြီးခဲ့တဲ့ ရက်အတွင်း အစိုးရတပ်တွေနဲ့ ကေအိုင်အေ အကြား တိုက်ပွဲငယ်လေးတွေ ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲကာလတွေမှာ မန်စီမြို့နယ် အနီးတဝိုက်မှာ ရှိတဲ့ ကျေးရွာတွေက ဒေသခံတွေကို ကေအိုင်အေ ဘက်က တပ်သားသစ်အဖြစ် စုဆောင်းခေါ်ယူမှုတွေ ရှိခဲ့တယ်လို့ ဒေသခံ ပြည်သူတစ်ဦးဖြစ်တဲ့ ဦးဆန်တေက ပြောပါတယ်။

ကေအိုင်အေက ခေါ်ဆောင်သွားခံရသူတွေဟာ ဘယ်ကိုရောက်သွားမှန်း မသိရဘဲ သူတို့ကို လိုက်ရှာသူ ရွာသားတွေကိုလည်း ကေအိုင်အေဖက်က ထပ်ပြီး ခေါ်ထားလိုက်တာတွေ ရှိခဲ့တယ်လို့ ဦးဆန်တေက ထပ်ပြောပါတယ်။

ကေအိုင်အေရဲ့ မဟာဗျူဟာ လေ့လာရေးဌာနက ဦးဒေါင်ခါးကတော့ တိုက်ပွဲတွေ ဖြစ်နေဆဲ ကာလမှာ လိုအပ်ချက်အရ တပ်သားသစ်တွေ စုဆောင်းနေရမှာဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အခု နောက်ဆုံး တိုက်ပွဲတွေကြောင့် နေရပ်ဒေသတွေက ထွက်ပြေးပြီး ဒေသတွင်းက ဘုရားရှိခိုးကျောင်းတွေ၊ ဘုန်းတော်ကြီး ကျောင်းတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် ပြည်သူ (၁၁၀၀) လောက် ရှိနေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ