ဂန္ဓမာကုန်တိုက် မီးလောင်မှု၊ လူ ၇ ဦး သေဆုံး

  • 10 ဒီဇင်ဘာ 2013
သေဆုံး သွားသူ တွေဟာ အမျိုးသား ၃ ဦးနဲ့ အမျိုး သမီး ၄ ဦး ဖြစ်ပါတယ်

ရန်ကုန် မရမ်းကုန်း မြို့နယ်က ဂန္ဓမာ ကုန်တိုက် မှာ အင်္ဂါနေ့ မနက် ၁ နာရီလောက်က မီးလောင်တဲ့ အတွက် လူ ၇ ဦး သေဆုံးသွား ပါတယ်။

ဂန္ဓမာ ပစ္စည်းစုံ လက်ကား အရောင်း ခန်းမရဲ့ တတိယထပ် မှာရှိတဲ့ ဗီးနပ်စ်ဂါးဒန်း အလှပြင်ဆိုင်မှာ လျှပ်စစ်မီးပူ ဖွင့်ထားရာ ကနေ မီးစလောင် ခဲ့တာ ဖြစ်ပါ တယ်။

သေဆုံး သွားသူ တွေဟာ အမျိုးသား ၃ ဦးနဲ့ အမျိုး သမီး ၄ ဦး ဖြစ်ပြီး အသက်ရှု ကျပ်ကာ သေဆုံး သွားခဲ့တာ ဖြစ်တယ်လို့ မီးသတ် ဦးစီးဌာန ဒုတိယ ညွန်ကြားရေး မှူး ဦးတင်မင်းက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

အိပ်ပျော်နေတဲ့ အချိန်မှာ မီးခိုး မွန်ပြီး သေဆုံး ခဲ့ရတာ ဖြစ်ကြောင်းနဲ့၊ မီးလောင်မှု ကြောင့် ကျပ် ၅၆ သိန်းကျော်ဖိုး ဆုံးရှုံးမှု ရှိခဲ့ တယ်လို့ လည်း ဦးတင်မင်းက ပြောပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ