ICRC ရဲ အလုပ်ရုံ ဆွေးနွေးပွဲ

  • 12 ဒီဇင်ဘာ 2013
rakhine
Image caption လူမျိုးရေး ပဋိပက္ခတွေမှာ ရဲကဏ္ဍ အရေးကြီး

နိုင်ငံတကာ ကြက်ခြေနီ နဲ့ မြန်မာ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ငြိမ်ဝမ် ပိပြားမှု ထိန်းသိမ်းရေး နိုင်ငံတကာ စံနှုန်းတွေနဲ့ ရဲ လုပ်ပိုင်ခွင့် တွေ အကြောင်း အလုပ်ရုံ ဆွေးနွေးပွဲကို စစ်တွေမှာ ဒီဇင်ဘာ ၁ဝ ရက် ကနေ ၁၃ ရက်နေ့ ထိ ကျင်းပ နေပါတယ်။

အဲဒီ ဆွေးနွေးပွဲကို ဒု ရဲမှူးကြီး ကနေ ဒုရဲမှူး အဆင့်ထိ အရာရှိ ၃ဝ ကျော် တက်ပြီး ICRC ဘက်က ဒေသတွင်း ရဲတပ်ဖွဲ့ ရေးရာ ကျွမ်းကျင်သူ၊ ကိုယ်တိုင်လည်း ရဲတပ်ဖွဲ့ မှာ နှစ် ၃ဝ ကျော် တာဝန် ထမ်းဆောင် ခဲ့ဖူးတဲ့ မစ္စတာ John Eric Jenson တက်ရောက် ဆွေးနွေး ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ကလည်း နေပြည်တော်မှာ ဒီလို အစည်းအဝေး ကျင်းပခဲ့ဖူးပြီး တခြား ဒေသ တွေမှာလည်း ကျင်းပဖို့ ဆန္ဒ ရှိပါတယ်။

ရခိုင်မှာ ICRC က လူမှု ကူညီရေး လုပ်ငန်းတွေလည်း အခြေချ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေ အတွင်း တင်းမာမှုတွေ ဖြစ်ပွားခဲ့တဲ့ အတွက် အဲဒိ ဒေသမှာ ရဲကဏ္ဍက အရေးကြီးလို့ ဒီလို စီစဉ် ကျင်းပ ခဲ့တာလို့ မြန်မာ နိုင်ငံဆိုင်ရာ ICRC ဆက်သွယ်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ အရာရှိ မစ္စတာ Guiseppe Pogliari က ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဥပဒေ စံနှုန်းတွေနဲ့ စိန်ခေါ်မှု တွေ အကြောင်း ဆွေးနွေး ခဲ့ကြပြီး တက်ရောက် လာသူတွေ ဘက်ကလည်း ပူးပေါင်း ဆောင်ရွက် မှုတွေ ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ