ပေါက်တော ဒုက္ခသည် စခန်းမီး၊ ကလေးတဦးသေဆုံး

  • 12 ဒီဇင်ဘာ 2013

ရခိုင်ပြည်နယ် ပေါက်တော မြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှာ မီးလောင်တဲ့ အတွက် စခန်းထဲက အိမ်တွေ အကုန်လုံး မီးထဲပါသွား ပြီး ကလေး တဦး သေဆုံး သွားပါတယ်။

ဒုက္ခသည်ပေါင်း တစ်ထောင် သုံးရာကျော် နေထိုင်တဲ့ ပေါက်တော မြို့နယ် ငှက်ချောင်း မွတ်လင် ဒုက္ခသည် စခန်းမှာ ကြာသပတေး နေ့လယ်က မီးလောင်တဲ့ အတွက် စခန်းထဲမှာ ဆောက်ထားတဲ့ ရှစ်ခန်းတွဲ အဆောင် ၃၄ လုံး စလုံး အကုန်လုံး မီးထဲ ပါသွားခဲ့ တာ ဖြစ်ပါတယ်။

မီးလောင်ရ ခြင်း အကြောင်းကတော့ ထမင်းချက်ရာက ကူးစက် မီးလောင်ကျွမ်းတာ ဖြစ်တယ်လို့ အဲဒီ စခန်းထဲမှာ နေထိုင်တဲ့ ဦး အဒူကော်ရိမ်က ပြောပါတယ်။

နေ့လည် ၂ နာရီ ၅မိနစ် ကနေ သုံးနာရီ အထိ မီးလောင်ကျွမ်း ခဲ့တာ ဖြစ်ပြီး၊ ဒုက္ခသည်တွေ ဘာမှ ပြန်မရ လိုက်ဘူးလို့ လည်း ဆိုပါတယ်။

မီးလောင်တာဟာ မတော်တဆ ဖြစ်ရာ ကနေ လောင်ကျွမ်းတယ်လို့ ဆိုပေမယ့် လည်း အခု အခါ ပေါက်တောမြို့ ရဲတပ်ဖွဲ့ က တာဝန်ရှိ သူတွေဟာ အဲဒီ ဒုက္ခသည် စခန်းကို ရောက်ရှိ နေပြီး မီးလောင်မူ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေး မူတွေ ပြုလုပ် နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ