သူရိယနေဝန်း ဂျာနယ်နဲ့ စာနယ်ဇင်း ကောင်စီ

  • 13 ဒီဇင်ဘာ 2013
The Sun Rays
သူရိယ နေဝန်း ဂျာနယ် ရောင်းအား ကောင်းနေ

သူရိယ နေဝန်း ဂျာနယ်ကို လိုအပ်သလို အရေးယူ ဆောင်ရွက်ဖို့ ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာ နိုင်ငံစာနယ်ဇင်း ကောင်စီကို ကြာသပတေး နေ့က အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

ဒီဂျာနယ်ဟာ အရင် စစ်အစိုးရ လက်ထက်က အာဏာရှိသူ တွေနဲ့ ပေါင်းပြီး တိုင်းပြည်ရဲ့ စီးပွားရေး တွေကို လက်ဝါးကြီးအုပ် လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ ခရိုနီတွေ အကြောင်း ဖွင့်ချရေး တဲ့ ဂျာနယ် ဆိုပြီး စာဖတ် ပရိတ်သတ် တွေကြား နာမည်ကြီးနေတာ ဖြစ် ပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဌာနရဲ့ စာထဲမှာ ကျင့်ဝတ်နဲ့ မညီတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ဂျာနယ်ထဲမှာ ဖော်ပြတယ် ဆိုပြီး အရေးယူဆောင်ရွက်ဖို့ ပြောတာလို့ စာနယ်ဇင်း ကောင်စီ (ယာယီ)ရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ အနေနဲ့ အခု တိုင်တန်းမှုကို ဘယ်လို ဆက်လက် ဆောင်ရွက် သွားမယ် ဆိုတာ အဖွဲ့ထဲမှာ ညှိနှိုင်း ဆွေးနွေးမှု မပြုရသေးတဲ့ အတွက် မပြောနိုင်သေး ပေမဲ့ ဘယ်စာနယ်ဇင်း မဆို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မပါတဲ့ အများပြည်သူ အကျိုးပြု သတင်းမီဒီယာတွေ ကိုပဲ မြင်ချင်တယ်လို့ သူကဆိုပါတယ်။

အခုလို အရေးယူဖို့ ပြန်ကြားရေး ဝန်ကြီးဌာနက စာနယ်ဇင်း ကောင်စီ ကို အကြောင်းကြားပေမဲ့ သူတို့ အနေနဲ့ အရေးယူနိုင်တဲ့ အဖွဲ့ အစည်း မျိုးတော့ မဟုတ်ဘူးလို့ စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ