မြန်မာ လွှတ်တော်ကို ICG အကောင်းမြင်

  • 13 ဒီဇင်ဘာ 2013
Image caption နေပြည်တော်က လွှတ်တော် အဆောက်အအုံ။

မြန်မာနိုင်ငံ လွှတ်တော်ရဲ့ ဥပဒေပြုရေး ဆောင် ရွက်မှုတွေဟာ အထက်က ချပြတဲ့ အတိုင်း ဆောင်ရွက်တာမျိုး မဟုတ်ဘဲ ကြိုးပမ်း ဆောင်နေ ကြတာကို တွေ့ရ တယ်လို့ အိုင်စီဂျီ နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့က ပြောကြားလိုက်ပါတယ်။

ဒါပေမယ့်လည်း တချို့ ဥပဒေ ပြဌန်းချက်တွေ ကတော့ သတင်း မီဒီယာတွေ လူမှုအခြေပြု အဖွဲ့အစည်းတွေရဲ့ လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒပြမှုတွေ အပေါ် ထိန်းချုပ်မှုတွေ ရှိနေဆဲ ဖြစ်ကြောင်း အိုင်စီဂျီက ဆိုပါတယ်။

ဒီမိုကရေစီ ကျင်စဉ်တွေ အတွက် အားနည်းတာတွေ၊ အတွေ့အကြုံ မရှိတာတွေနဲ့ အဖွဲ့ အစည်း ဆိုင်ရာ အာပေး ထောက်ခံမှုတွေ အားနည်း တာကိုလည်း တွေ့နေရ သေးတယ်လို့ အိုင်စီဂျီက ပြောပါတယ်။

မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေ အတွက် လွှတ်တော်ဟာ အဓိက အခန်း ကဏ္ဍကနေ ပါဝင်နေကြောင်း အိုင်စီဂျီရဲ့ အစီရင် ခံစာမှာ ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ