သက်ကြီးဂေဟာ လုပ်ပေးရေး တိုင်းလွှတ်တော် ပယ်ချ

Image caption တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ သက်ကြီး ရွယ်အို ၅ သန်း ကျော်ရှိ နေ

ရန်ကုန်တိုင်း အတွင်းမှာ သက်ကြီး ရွယ်အိုတွေ များလာပြီး တောင်းရမ်း စားနေရသူ တွေ လည်း ရှိနေတဲ့ အတွက် သက်ကြီး ဂေဟာတွေ လုပ်ပေးဖို့ ရန်ကုန် တိုင်းလွှတ်တော် အမတ် ဒေါက်တာညိုညိုသင်း တင်သွင်းတဲ့ အဆိုကို တိုင်းလွှတ်တော်က ပယ်ချလိုက် ပါတယ်။

သက်ကြီး ရွယ်အို ကူညီရေးဟာ နိုင်ငံတော် အဆင့် ဖြစ်တာကြောင့် ပြည်ထောင်စု အဆင့်မှာ တင်သွင်း ဆောင်ရွက် သင့်တယ်လို့ ရန်ကုန်တိုင်း အစိုးရက အကြောင်း ပြခဲ့ အပြီး တိုင်းလွှတ်တော်က ပယ်ချ ခဲ့တာဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ သက်ကြီး ရွယ်အို ၅ သန်း ကျော်ရှိ နေပြီး သက်ကြီး ရွယ်အို အကူ အညီ ပေးရေး တွေကို အလေးထား ဆောင်ရွက် နေတယ်လို့ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်ထွန်းခိုင် က ပြောပါတယ်။

၂ဝ၅ဝ ခုနှစ်လောက်မှာ မြန်မာ နိုင်ငံမှာ သက်ကြီးရွယ်အို ၂ဝ ရာခိုင်နှုန်း လောက် ဖြစ်လာ နိုင်တဲ့ အတွက် အခု ကတည်းက ရေရှည် စီမံကိန်းတွေ လုပ်ဆောင် နေတာ ဖြစ်တယ်လို့လည်း ဦးအောင်ထွန်းခိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ