SEA Games ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အားပေး

  • 14 ဒီဇင်ဘာ 2013
Image caption အရှေ့တောင် အာရှ အားကစားပွဲမှာ အားပေးနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၇ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲက ရေကူး ၊ မြှားပစ် ၊ ခြင်းလုံးနဲ့ ထိုင်းဘုရင့်မြေးတော် မင်းသမီး သီရိဝဏ္ဏဝရီ ပါ၀င်ယှဉ်ပြိုင်တဲ့ အလှပြမြင်းစီး ပြိုင်ပွဲတွေကို လာရောက် အားပေးခဲ့ပြီး စိတ်ဓါတ်ကို အားကိုးကာ ကြိုးစားကြဖို့ မြန်မာ အားကစားသမားတွေကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုရ မြင်းစီး အားကစား သမားတွေကို ဆုတံဆိပ်နဲ့ လက်ဆောင်ပစ္စည်းတွေ ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၀င် ၁၁ နိုင်ငံ အနက် လက်ရှိ အခြေအနေမှာ မြန်မာ က ရွှေ ၂၆ ၊ ငွေ ၂၅ ၊ ကြေး ၂၁ ဆုတံဆိပ် အသီးသီး ရရှိကာ ထိပ်ဆုံးက ပြေးနေပါတယ်။