ပြည်ထဲရေးကို အများပြည်သူ တိုင်ကြားနိုင်

  • 17 ဒီဇင်ဘာ 2013
Police
Image caption ရဲတွေရဲ့ လုပ်ရပ်ကို မကျေနပ်ရင် တိုင်ကြားနိုင်

အများပြည်သူကို အကူအညီပေးရေးနဲ့ ဥပဒေ ထိန်းသိမ်းရေး တွေမှာ အဓိက တာဝန်ယူရတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး တိုင်ကြား လိုတာ ရှိရင် အထူး ဖုန်းနံပါတ်တွေကို ခေါ်ဆိုပြီး တိုင်ကြား နိုင်တယ်လို့ ပြည်ထဲရေးက ကြေငြာလိုက်ပါတယ်။

နေပြည်တော် Hotline ဖုန်းနံပါတ် ၄၁၂ ၂၂၂ နှင့် ၄၁၂၄၄၄ ကို ၂၄ နာရီပတ်လုံး ခေါ်ဆိုနိုင်ပြီး ကိုယ့်နာမည် ဖော်ပြလို့ပဲ ဖြစ်စေ၊ နာမည် မဖော်ပြပဲ ဖြစ်စေ တိုင်ကြားနိုင်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် ဝင်းခေါင်က ဘီဘီစီကို ပြောပါတယ်။

အထူးသဖြင့် အထွေထွေအုပ်ချုပ်ရေးဌာန နဲ့ ရဲတပ်ဖွဲ့တွေအပေါ် မကြေနပ်ချက်တွေ၊ ပြည်သူကို နှိပ်စက် အနိုင်ကျင့်တာတွေ၊ ရဲတပ်ဖွဲ့၀င်တွေရဲ့ ဥပဒေဘောင် ကျော်ပြီး လုပ်ရပ်တွေ၊ အလွဲသုံးစားမှုတွေကို တိုင်ကြားနိုင်တယ်လို့ သူက ပြောပါတယ်။

လက်ရှိလည်း တိုင်ကြားထားတာတွေ၊ စုံစမ်း အရေးယူမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

တိုင်ကြားမှုတွေ ရရချင်းပဲ အရေးယူမှုတွေ လုပ်တယ်လို့ ရဲမှူးချုပ် ဝင်းခေါင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ